Chapter-{11.2}

5.4K 959 46
                                    

Unicode

ညတာရှည်ကြာ

ဖျင်အန်းစကားတွေက ထိရောက်ပါသည်။
နောက်နေ့မှစ၍ ၀မ်ချီတစ်ယောက်ရော့ထောင်ကို မသိမသာလေးအကဲခတ်နေမိသည်။
ဒါပေမယ့်လည်း မူမမှန်တာဘာမှမတွေ့ဘဲ ရော့ထောင်ပိုပိုပြီးကြည့်ကောင်းလာတာကိုသာ သတိထားမိသည်။

ဒီလိုလှပတဲ့မျက်နှာလေးနဲ့ကောင်မလေးက မော်ဒန်ခေတ်မှာမမွေးလာတာကို ၀မ်ချီနှမြောနေမိသည်။
သူကတကယ့်ကို ကြည့်ကောင်းတဲ့ရုပ်ရည်ပိုင်ရှင်တွေနဲ့ပတ်သက်လာရင် မကြည့်ဘဲမနေနိုင်တဲ့သူတစ်ယောက်လေ.....

ရော့ထောင်ရဲ့လှပတဲ့မျက်နှာလေးနဲ့ သူ့မျက်လုံးတွေကိုပြန်ဖြေသိမ့်နေရ၍ အိမ်ရှေ့စံ၏မီးလောင်ဒဏ်ရာနဲ့မျက်နှာတစ်ခြမ်းကြောင့် ထိတ်လန့်နေမှုတွေတောင် အတော်လျော့ပါးသွားသည်။
လှတပတ ရော့ထောင်လေးရှိနေလို့ တော်ပါသေးရဲ့...

အိမ်ရှေ့စံကတော့ ဘာတွေတွေးနေလဲမသိပေ။
ထိုနေ့က၀မ်ချီကို စာကြည့်ခန်းထဲမှမောင်းထုတ်ပြီး နောက်နေ့ကျတော့ဘာမှမဖြစ်ခဲ့သလို စာကြည့်ခန်းဆီကို ဆင့်ခေါ်လိုက်ပြန်သည်။

ဖျင်အန်းပြောတဲ့ 'နေမင်းကြီး' လိုအိမ်ရှေ့စံကအရမ်းအလုပ်များနေမယ်လို့ ၀မ်ချီတွေးထားသည်။
သူတွေးထားသလိုပဲ စာကြည့်ခန်းကိုရောက်ရင် အိမ်ရှေ့စံက အလွန်အလုပ်များနေတာကိုတွေ့ရလိမ့်မည်။

ဒါနဲ့ အလုပ်များတယ်သာဆိုတယ်၊၀မ်ချီ အိမ်ရှေ့စံသေချာ အလေးအနက်အလုပ်လုပ်နေတာကိုတစ်ခါမှမမြင်ဖူးပေ။
သူက မျက်လုံးလေးမှိတ်ကာ မေးထောက်ပြီး ကျူးကုန်းကုန်းဖတ်ပြနေတဲ့စာလွှာတွေကို နားထောင်ရင်ထောင် မဟုတ်ရင် အမတ်တွေဆွေးနွေးသံတွေကိုနားထောင်နေတတ်သည်လေ။

အခုက ဒီထက်တောင်ပိုဆိုးနေသည်။
အိမ်ရှေ့စံကခုံတန်းရှည်မှာ အိပ်ပျော်နေပြီးသနားစရ၀မ်ချီလေးကတော့ ထိုမြင်ကွင်းကိုရပ်ကြည့်နေရရှာသည်။
၀မ်ချီကတော့သူ့ကိုယ်သူနှစ်သိမ့်နေရှာသည်...
အနဲဆုံး သူကထိုင်ခွင့်ရှိရင်တောင်မှ အခန်းထဲမှကုန်းကုန်းတွေ၊အစေခံတွေကတော့ ရပ်ပဲရပ်နေရမှာ....

အာဏာရှင်၏ကိုယ်လုပ်တော်အဖြစ်သို့ကူးပြောင်းလာခဲ့ခြင်း(မြန်မာဘာသာပြန်)Where stories live. Discover now