အချပ်ပို ဇာတ်သိမ်းပိုင်း

Start from the beginning
                                    

အတွင်းဘက်မှာ ပူထူပြီး ပျော်နေပေမဲ့ သက်လျာရဲ့ အပြင်ပိုင်း ပုံစံက တည်ငြိမ် အေးဆေးနေမှာ အသေအချာပါ။ တကယ်ဆို ကိုဆောင်းနဲ့ သက်လျာက စရိုက်တူကြတာမျိုးပါ။ အနေအေးတာ၊ ရင်ထဲရှိတာတွေကို သိုဝှက်ထားတတ်တာ၊ ချစ်ရင်တောင် ခိုးငေးတာတွေကအစ တူညီကြတာမျိုးပေါ့။

အခုနောက်ပိုင်းကျမှ သက်လျာ နားလည်လာတာက လက်ထပ်ပြီး ငါးလလောက်အထိ သက်လျာကို လက်ဖျားနဲ့တောင် မထိခဲ့တာက မုန်းတီးစိတ်ကြောင့် မဟုတ်ဘဲ သက်လျာဆန္ဒ မပါဘဲ အခွင့်အရေး မယူတာမျိုး ဖြစ်မယ် ထင်ရပါတယ်။

တစ်သက်တာလုံးမှာ ငယ်ချစ်ဦး တစ်ယောက်တည်းကိုသာ ချစ်မြတ်နိုးလာခဲ့တဲ့ ကိုဆောင်းက မဖြစ်မနေ ပတ်သက်လိုက်ရတဲ့ သက်လျာ အပေါ်မှာ ချက်ချင်းကြီး အကျွမ်းဝင်လိုက်ဖို့ ဘယ်ဝံ့ရဲပါ့မလဲ ဆိုတာကို ဒီနောက်ပိုင်းမှ သက်လျာ ဖြည့်တွေးမိလာတာပါ။

ကိုဆောင်းတို့ အိမ်ကို သက်လျာ ပထမဆုံး ရောက်တဲ့နေ့မှာ ကိုဆောင်းက မေးတယ်။

"ကုတင်တစ်ခုတည်း အိပ်ချင်လား၊ ဒါမှမဟုတ် လွပ်လွပ်လပ်လပ် အိပ်ချင်လား" တဲ့။

ကိုယ်က ချစ်နေသူ ဆိုပေမဲ့ မာနစိတ်လေး လျှံတက်လာတဲ့အခါ ကုတင်တစ်ယောက်တစ်လုံး အိပ်ဖို့ကို သက်လျာ ရွေးချယ်ပစ်ခဲ့တယ်။ သက်လျာကို မထိချင်လို့ ဒီလို မေးခဲ့တယ် ထင်ခဲ့ပေမဲ့ အခုနောက်ပိုင်းမှ စဉ်းစားမိတာက သက်လျာကို မထိချင်လို့ မဟုတ်ဘဲ ဦးစားပေး ရွေးချယ်ခိုင်းခဲ့တာပဲ ဖြစ်မှာပါ။

"နောက်ဆို..."

ပြောလက်စကို မဆက်ဘဲ သက်လျာကို မြေကြီးပေါ် ဖွဖွလေး ချပေးပြီး ငုံ့ကြည့်နေတယ်။

"ဘုရားတရား လုပ်တာ ကောင်းပေမဲ့ အထိုင်အထ မကောင်းတော့ဘူးမို့လား"

"သက်လျာ အဆင်ပြေပါသေးတယ်"

ထုံးစံအတိုင်း တိုးတိုးလေး ဖြေလိုက်တာမို့ သက်လျာအနား ပိုကပ်လာတဲ့ ကိုဆောင်းက နားစိုက်ထောင်ပြီး ခေါင်းညိတ်ပြတယ်။

"အဆင်ပြေတယ် ဆိုရင်တောင် သားငယ်လေးနဲ့ မမြ အနားမှာ မရှိရင်..."

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now