အခန်း - ၃၈

Start from the beginning
                                    

"ကိုကို့"

"ဗျား"

"ရရ အလုပ်လုပ်နေတယ်လေ"

"ကိုကို နမ်းချင်လို့လေ"

"ဟင့်အင်း၊ ပြီးမှနမ်း"

နောက်လှည့်မကြည့်ဘဲ ငြင်းဆန်နေတာမို့ အသည်းတယားယားနဲ့ ကောက်ပွေ့လိုက်ပြီး ထိုင်ခုံပေါ် တင်ပေးပြီးတာနဲ့ ချာတိတ်ရှေ့ ကြမ်းပြင်မှာ ဒူးထောက် ထိုင်ချလိုက်တော့ မျက်လုံးလေး ဝိုင်းလာတယ်။

"ကိုကို... ကိုကို ဘာလုပ်"

"ကိုကို နမ်းပစ်ချင်နေလို့"

တိုးရှရှ ဖြေအပြီးမှာ လက်ကလေးနှစ်ဖက်ကို ဖွဖွဆွဲယူလျက် သူ့ပါးပြင်နဲ့ ထိကပ်ထားမိတယ်။ စတော်ဘယ်ရီရနံ့ သင်းပျံ့နေတဲ့ လက်ချောင်းလေးတွေကနေ အစပြုမိတဲ့ သူ့အနမ်းက မတင်းတိမ်နိုင်စွာ လည်တိုင်တွေ၊ ညှပ်ရိုးတွေအထိ ခရီးဆန့်လာမိပြီး ထိုမှတစ်ဆင့် ဆူဖြိုးနေပြီ ဖြစ်တဲ့ ဝမ်းဗိုက်လေးဆီ ရောက်လာတယ်။

"ကလေးတို့ကို ဖေဖေကြီးက နမ်းပါရစေနော်"

"အိုး... ကိုကို"

တားမြစ်သံလေး ထွက်လာပေမဲ့ သူ့ဦးခေါင်းက ချာတိတ်လေးရဲ့ အင်္ကျီဖားဖားကြီးထဲ စွတ်ခနဲ ဝင်ရောက်သွားပြီး သူ ပိုင်ဆိုင်ထားတဲ့ နယ်မြေလေးရဲ့ နေရာအနှံ့အပြားကို နူးနူးညံ့ညံ့ ကြင်နာနေမိတာ မေ့မေ့မူးမူး။

"ဟင့်အင်း... ကိုကို"

စက္ကန့်တွေ တရိပ်ရိပ် ပြောင်းလဲလာတဲ့အခါ တားမြစ်သံလေး တိုးတိမ်သွားပြီး ချာတိတ် လက်ကလေးတွေ သူ့ကျောပြင်ဆီ သိုင်းဖက်လာပြီမို့ ပြုံးယောင်သန်းလာမိပြီး ပွင့်ချပ်တွေဆီမှာ တစ်ရှိုက်မက်မက် ယစ်မူးနေမိတာ အတန်ကြာ။

"ဟင်"

မြင်လိုက်ရတဲ့ မြင်ကွင်းမှာ ခင်နှောင်း တစ်ကိုယ်လုံး ပူပူထူထူ ဖြစ်လာတယ်။ ဒီကလေး နှစ်ယောက်နဲ့တော့လေ စိတ်ညစ်တာပါပဲ။ 'သားနှစ်ယောက် အသံတိတ်သွားရင် ငြိမ်ငြိမ်လေးနေ၊ လိုက်မရှာရဘူး' လို့ မှာထားတဲ့ ကိုမျိုး စကားကို မေ့လျော့သွားမိတာ ခင်နှောင်း မှားပြီ ထင်ပါရဲ့။

မျက်နှာပူစရာ အနေအထားမှာ ခုံပေါ် ထိုင်နေတဲ့ သားငယ်လေးက မျက်နှာလေး ပင့်မော့လျက် အသက်ကို လုရှူနေပြီး သားမက် ဖြစ်သူက သားငယ်လေးရဲ့ အင်္ကျီပွပွကြီးထဲ ခေါင်းတင်မက ကိုယ်တစ်ပိုင်းလုံး ဝင်ရောက်နေပါတယ်။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now