အခန်း - ၃၂

Start from the beginning
                                    

"ဟင်"

"ဟာ"

"အို"

တစ်ယောက်တစ်မျိုး အာမေဍိတ် ပြုရုံမက သူ့နာမည်ကို ပြိုင်တူ အော်လိုက်ကြပုံကြောင့် သူ့တစ်ကိုယ်လုံး တုန်တက်သွားတဲ့အထိ။ ဒီကောင်တွေ စောစောစီးစီး သူများအိမ် လာပြီး...။

"ကိုဋာ"

"ဘော့စ်"

ကိုဋာ တုန်သွားတဲ့ ပုံစံက လူသိ မခံချင်တဲ့ ကိစ္စကြီးကို ပက်ပင်း အမိခံလိုက်ရသလို။ သို့ပေမဲ့ ပျက်ယွင်းသွားတဲ့ ပုံစံက တဒင်္ဂပါပဲ။ ဣန္ဒြေဆည်ချင်ဟန် မျက်နှာကို ချက်ချင်း တည်တင်းလိုက်ပြီး...

"ဘာကိစ္စလဲ ဝေမိုး၊ ကိုယ် မခေါ်ထားဘူးမို့လား"

"ဟုတ်... ဟုတ်ပါတယ် ကိုဋာ၊ တစ်မနက်လုံး ဖုန်းခေါ်လို့ လုံးဝ မရလို့ စိတ်ပူပြီး..."

"ကျစ်"

မျက်နှာတင်းထားတဲ့ ကိုဋာက စုပ်သပ်လိုက်ရုံမက တံခါးဘောင်ကို တံတောင်ဆစ်ကွေးနဲ့ လှမ်းထောက် ခေါင်းမှီလိုက်ပြီး ကျန်လက်တစ်ဖက်ကို ခါးမှာ ထောက်ပစ်လိုက်တဲ့ ဟန်ပန်။ ခြေထောက်နှစ်ဖက်ကို ခပ်ကျဲကျဲ ခွဲထားရာက ကတ်ကြေး အံလွဲပုံစံ ခွဲရပ်လိုက်တဲ့ ဟန်ပန်။

ဒါတွေက ရုံးမှာ မြင်ဖူးနေကျ ကိုဋာ့ ဟန်ပန်တွေ ဖြစ်ပြီး ခါတိုင်းလိုဆို အထာကျတယ်လို့ ခံစားရမှာ ဖြစ်ပေမဲ့ အခုတော့ ခွီးခနဲ မရယ်မိအောင် ထိန်းနေရတာ ဝေမိုးတင်မက ကိုခင်မောင်စိုးနဲ့ မငုဝါလဲ ပါပါတယ်။ ကိုဋာ့ကို မော့ကြည့်လိုက်၊ ခေါင်းပြန်ငုံ့လိုက်၊ အောက်နှုတ်ခမ်းကို ဖိကိုက်လိုက်နဲ့ သုံးယောက်သား ဗျာများလာတယ်။

ဝေ့ခနဲ လေပိတ်တိုက်သွားတဲ့အခါ မညီညာတဲ့ ကိုဋာ့ ပုဆိုးစက ပူဖောင်းသဖွယ် လွင့်ခနဲ ဝဲတက်လာတာမို့ ပါးစပ်ကို တင်းတင်းစေ့လိုက်တဲ့ ကိုခင်မောင်စိုးက မျက်နှာတစ်ဖက်လွှဲတယ်။ မငုဝါ မျက်နှာကလဲ ရယ်ချင်တာကို ထိန်းထားရလို့ နီမြန်းနေပြီ။ ဝေမိုးကတော့ ထုံးစံအတိုင်း ပြူးတူးပြဲတဲ ဖြစ်နေပြီး ကိုဋာကလဲ တည်တင်းနေဆဲ။

"ဘယ်အချိန် ရှိသေးလို့လဲ၊ စောစောစီးစီး သူများ အိမ်ရှေ့မှာ"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now