ရှေ့က အပိုင်းမှာ ပြောပြထားပြီးသား ဆိုပေမဲ့ အပြင်လက်တွေ့မှာ ယောက်ျား တစ်ယောက်ဟာ PMDS ဖြစ်ပြီး သားအိမ် ပါတယ် ဆိုစေဦးတော့ ကိုယ်ဝန်ဆောင်လို့ မရပါဘူးနော်။ အဲ့ဒီသားအိမ်ကို အချိန်မီ ခွဲစိတ် ထုတ်ပစ်မှသာ သက်ဆိုးရှည်နိုင်တာပါ။

သွဲ့က အနီးစပ်ဆုံး အပြင်လက်တွေ့နဲ့ ပေါင်းစပ် ရှင်းပြထားတယ် ဆိုပေမဲ့ IVF ဟာ တကယ်တော့ ယောက်ျားမိန်းမ စုံတွဲတွေ အတွက်သာ ဖြစ်ပါတယ်ရှင်။

နောင် နည်းပညာတွေ အခုထက် ပိုမိုတိုးတက်လာပြီး မွေးရာပါ သားအိမ်ပါတဲ့ အမျိုးသားတွေ၊ PMDS တွေ အနေနဲ့ ကာယကံရှင် ကိုယ်တိုင် ဆန္ဒရှိလာခဲ့ရင် ကိုယ်ဝန်ဆောင်ခွင့် ရနိုင်လာပါစေ ဆိုတာကတော့ အသွဲ့ ဆုတောင်းလေးပါပဲ။ လောကမှာ မဖြစ်နိုင်ဘူး ဆိုတာတွေက တစ်ခါတလေ ဖြစ်လာတတ်တယ် မဟုတ်ပါလားနော်။

နောက်တစ်ခုက မျိုးဥ အေးခဲခြင်း ဖြစ်စဉ်ကို နည်းနည်း ပြောပြချင်ပါတယ်။

နိုင်ငံရပ်ခြားမှာ တချို့လူတွေဟာ အသက်အရွယ်ကြီးမှ အိမ်ထောင်ပြုဖို့ ဆုံးဖြတ်ထားကြရင် အိမ်ထောင်ပြုချိန်မှာ ရင်သွေး မရနိုင်တော့မှာ စိုးရိမ်ကြတာမို့ ငယ်ရွယ်စဉ်မှာတည်းက မိန်းကလေး ဆိုရင် မျိုးဥ၊ ယောက်ျားလေး ဆိုရင် သုက်ပိုး ကြိုထုတ်ထားပြီး မျိုးဥဘဏ်မှာ ထိန်းသိမ်းထားကြပါတယ်။

အခုလဲ ရရက PMDS ဖြစ်ပြီ ဆိုတာ သိကတည်းက မျိုးဥကို ထုတ်ယူထားပြီး ဖြစ်ပါတယ်။

မျိုးဥတို့ သုက်ပိုးတို့က ဆယ်နှစ်ကျော်အထိ ဘဏ်မှာ အေးခဲထားလို့ ရပြီး လိုအပ်လို့ မျိုးစပ်ချိန်မှာ သန္ဓေအောင်ခြင်း ဖြစ်စဉ် စတင်ပါတယ်ရှင်။ အေးခဲထားမဲ့ မျိုးဥနဲ့ သုက်ပိုးအတွက် ဘဏ်ထိန်းသိမ်းခ အနေနဲ့ကတော့ တစ်နှစ်စာအတွက် ပျမ်းမျှ အနေနဲ့ ကန်ဒေါ်လာ ၁၀၀၀ ခန့် ကျသင့်နိုင်ပါတယ်။ ဒါက လက်ရှိပေါက်ဈေးကို အနီးစပ်ဆုံး ခန့်မှန်းထားခြင်းပါရှင့်။

နောက်တစ်ခု ပြောချင်တာက အပိုင်း ၃၀ မှာ ရရကို အလွန်အမင်း ညှာတာခဲ့ပြီး မပြီးမြောက်သေးတဲ့ ကိုကို့ကို ကြင်နာမှုနဲ့ ရရက Oral Sex လုပ်ပေးခဲ့တယ် ဆိုပေမဲ့ ကွန်ဒုံး စွပ်ထားတာမို့ ကွန်ဒုံးထဲမှာပဲ ပြီးမြောက်ခဲ့တာပါနော်။ ကွန်ဒုံးသာ မပါရင် ကိုကိုကလဲ လက်ခံမှာ မဟုတ်ပါဘူး။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now