အခန်း - ၂၄

Start from the beginning
                                    

ဟိုတယ် အသစ်မှာ Check In မဝင်ခင် နေ့လယ်စာ အရင်စားဖြစ်ပေမဲ့ နှစ်ယောက်လုံး ဟုတ်တိပတ်တိ မစားနိုင်။ မျက်နှာလေး နွမ်းနေပေမဲ့ သူ ငေးကြည့်နေတာ မြင်တိုင်း သွားတက်ကလေး ပေါ်အောင် ပြုံးပြုံးပြတယ်။ ဒီကလေးလေးက သူ စိတ်ရှုပ်မှာ စိုးရွံ့နေသလို။

"ကိုကို နားလိုက်အုံးနော်"

"ခင်ဗျားက မနားဘူးလား"

"ရရက အထုတ်တွေ နေရာချလိုက်အုံးမယ်"

လှမ်းကြည့်လိုက်တော့ ခရီးဆောင်အိတ်တွေကို အခန်းထောင့် ကပ်နေပြီး တစ်ကိုယ်ရေသုံး ပစ္စည်းတွေ၊ သူ့အတွက် ရေလဲခံ၊ ရေချိုးပြီးရင် သူဝတ်ဖို့ အဝတ်၊ စသဖြင့် တစ်ခုချင်း မညည်းမညူ လုပ်နေတာမို့ ကုတင်ပေါ်ကနေ ဝမ်းလျားမှောက် မေးထောက်ပြီး စိန်ပြေနပြေ ကြည့်နေမိတယ်။

"ကိုကို ရေချိုးပြီးရင် Sport Shirt နဲ့ Sweat Pant လေးပဲ ဝတ်လိုက်နော်"

သူ့ဖြေသံ မကြားလို့ ထင်ရဲ့၊ မော့ကြည့်လိုက်ပြီးမှ သူ ငေးနေတာ မြင်သွားပြီး မျက်နှာလေး ချက်ချင်း ရဲလာရုံမက လက်ကလေး နှစ်ဖက်ကို ပွတ်ချေနေတယ်။ ဒီကလေးလေးက အခုထက်ထိ သူ့ ကြည့်ငေးခြင်းတွေကို ရှက်နေသေးတာလား။

"မပင်ပန်းသေးဘူးလား"

"ဗျာ"

"ဟိုတယ် ပြောင်းတာ သုံးခါ ရှိနေပြီ၊ အဲ့ပစ္စည်းတွေ ထုတ်လိုက်၊ ထည့်လိုက်၊ ပြန်ထုတ်လိုက်နဲ့ ခဏခဏ လုပ်နေရတာ၊ မပင်ပန်းဘူးလားလို့"

သူ့အပြောမှာ ပါးမို့ကလေး တက်သွားအောင် ရယ်ပြရင်း မတ်တပ် ထရပ်တယ်။

"မပင်ပန်းပါဘူးနော်၊ ကိုကိုနဲ့ပဲဟာကို"

ပြောရင်း ရေချိုးခန်းထဲ ဝင်မလို ဟန်ပြင်နေတာမို့...

"ချာတိတ်"

"ဗျာ ကိုကို"

"ဒီလာခဲ့"

"ခဏလေးနော်၊ မျက်နှာသစ် ဆေးဗူးလေး သွားထားမလို့"

"နောက်မှထား"

"ဗျာ

"ရင်ခွင်ထဲကို လာခဲ့"

ပက်လက်ကနေ လက်နှစ်ဖက်ကို ဘေးဆန့်တန်းလျက် ရင်ခွင်ဖွင့်ပေးထားတော့ လက်ကလေး နှစ်ဖက်ကို ဖိပွတ်နေရင်း သူ့အနားကို စောင်းကန်းစောင်းကန်း လျှောက်လာတယ်။ သူ သိပါတယ်။ သူ့ချာတိတ်လေး သိပ်ရှက်နေပြီ ဆိုတာ ပါးပြင်လေးက သက်သေမဟုတ်လား။

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now