အခန်း - ၂၃

Start from the beginning
                                    

သို့ပေမဲ့ မရှက်နိုင်။ ဝတ်ရမဲ့ Suit ကို မြင်ကတည်းက စိတ်ညစ်သွားမိတယ်။ ဒါကို ရရ သဘောမကျသလို၊ ကိုကိုလဲ နှစ်သက်မှာ မဟုတ်။ အခုတောင် ထည့်မပေးလိုက်ချင်တဲ့ ကိုကိုက ရရ ဝတ်စုံကို မြင်ရင် စိတ်ဆိုးသွားမှာလား။

"ဒီဝတ်စုံကို ပထမ ဝတ်မဲ့လူက ထိုင်းနိုင်ငံက နာမည်ကြီး မော်ဒယ်ပဲလေ"

"ဟုတ်ကဲ့"

"ခန္ဓာကိုယ်ချင်းက မတိမ်းမယိမ်းမို့ တော်ပါသေးတယ်"

စိတ်သက်သာသလို ပြောနေပေမဲ့ ရရကတော့ မပြုံးနိုင်။ အဲ့အစား ခန္ဓာကိုယ်ချင်း ကွာလိုက်ရမှာလို့ တွေးမိတယ်။

"အဝတ် လဲရအောင်နော်"

ပေကပ်ကပ် ဖြစ်နေတဲ့ ရရကို ကလေးချော့သလို ချော့ပြောနေတာမို့ ခေါင်းညိတ်ပြီး လဲလိုက်မှ ပိုစိတ်ညစ်သွားမိတယ်။ Designer လက်ရာ ဝတ်စုံက Baby Pink ကိုမှ Crooped Tuxedo Jacket ဖြစ်ပြီး သူ့တစ်ထည်တည်း ဝတ်ရတဲ့ ဒီဇိုင်းမျိုး။

Slim Fit Jacket မို့ လည်ပင်းက V Shape ဖြစ်နေပြီး ခန္ဓာကိုယ်နဲ့ ကွက်တိ ချပ်ကပ်နေတယ်။ အောက်က တစ်ထပ် မပါတာမို့ လည်တိုင်ကနေ ရင်ညွန့်စပ်ထိ ထင်းလင်းနေတာ ကွယ်ထားလို့ မရ။ Crooped Design မို့ ခါးနဲ့အတိ ဖြစ်နေပြီး ပခုံးလေး ကျုံ့လိုက်တာနဲ့ ရရ ခါးက ထင်းနေအောင် ပေါ်လွင်သွားတော့မှာ။

"တကယ်ပဲ ဒါ ဝတ်ရမှာလားဟင်"

"မင်းနဲ့ တိုင်းချုပ်ထားသလိုပဲ၊ သိပ်လိုက်ဖက်တယ်"

"ခါးပေါ်ရင် ကျွန်တော် မနေတတ်လို့ လဲချင်တယ်"

"တွဲရမဲ့ တစ်ဖက် အမျိုးသားနဲ့ လိုက်ဖက်အောင် ပြင်ဆင်ပေးထားတာတာမို့ပါ"

"သူလဲ ဒါမျိုးဆင်တူလား"

"ဆင်တူပါပဲ"

အဖော်ရှိတယ် ဆိုတဲ့ အတွေးနဲ့ စိတ်သက်သာရာ ရသွားပေမဲ့ ကိုကို မကြိုက်လောက်တာ သိတာမို့...

"အောက်ခံ တစ်ထပ် ဝတ်ပါရစေ"

"ဒီဇိုင်း အောက်သွားပါလိမ့်မယ်"

"လည်ဟိုက်နေတာ အဆင်မပြေဘူး"

"ရင်ညွန့် ရောက်ရုံလေးမို့ ဒါကို ဟိုက်တယ်လို့ မခေါ်ပါဘူး"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)On viuen les histories. Descobreix ara