အခန်း - ၂၀

Start from the beginning
                                    

အဲ့ကတည်းက အကြွေးကျန်တဲ့ အလုပ်တွေ ထိုင်ရှင်းနေပေမဲ့ သူ့အကြည့်က နာရီဆီပဲ မကြာခဏ။ အချိန်မတော် ဝေမိုးကို အလုပ်တွေ လှမ်းခိုင်းရင်း အလိုမကျနိုင်ဘဲ စိတ်ဆတ်နေတဲ့ သူ့ကို တပည့်ကျော်က ဘယ်လို ထင်မယ် မသိ။ မျက်နှာငယ်နဲ့ တောင်းပန်ပုံလေးကို ပြန်မြင်ယောင်တော့ စိတ်ရှုပ်နေတာ မေ့ပြီး အသံထွက်အောင် ရယ်ပစ်လိုက်မိတယ်။

"ဘယ်က သတ္တိတွေနဲ့မို့ လူလယ်ခေါင်မှာ နမ်းရဲတာလဲ၊ ဘယ်လိုတောင် ချစ်စရာကောင်းရတာလဲ"

တွေးကြည့်မယ်ဆို တေဇ ဆိုတဲ့ ကောင်လေးက ကျေးဇူးတင်ဖွယ် ဆိုတာ ငြင်းလို့မရ။ မိနစ်ပိုင်းလေး အတွင်း ချာတိတ်ကို အတတ်လွယ်အောင် သင်ပေးနိုင်တဲ့ အရည်အချင်းက အံ့မခန်းစရာ။ ကုတင်ပေါ် သူ မခေါ်ဘဲ တက်လာအောင်အထိ သင်ပေးရင်တော့ ပိုကောင်းတာပေါ့။

ရယ်လိုက်၊ တည်လိုက်၊ သက်ပြင်းချလိုက်၊ နာရီ ကြည့်လိုက်နဲ့ပဲ တစ်နာရီ ထိုးသွားခဲ့ပြီ။ တခြားသူတွေနဲ့ မမျှဝေရဘဲ နှစ်ယောက်တည်းသာ နေလိုတာမို့ အောင်မောင်း ပေးတဲ့ အခန်းမှာ တမင် မတည်းခါမှ ဒီလို အဖြစ်နဲ့ ကြုံသတဲ့လား။

^^

ပါတီပွဲလေးမို့ သောက်စရာ အစုံအလင် ရှိပေမဲ့ Alcohol မှန်သမျှ ရရ ငြင်းခဲ့တာချည်း။ ဆွယ်မရတဲ့ အဆုံး တေဇက သူ့ဘာသူ တစ်ခွက်ပြီးတစ်ခွက် သောက်နေပြီး ရရကို တိုက်ဖို့ မကြိုးစားတော့။ သို့ပေမဲ့ မွှေးတဲ့ အချိုရည်ကိုတော့ သောက်နေမိတာ သုံးခွက် ရှိပြီ။

"မင်း စဉ်းစားကြည့် ရရ၊ ကယ်ဗင်နဲ့ ဝေးရရင် ငါ ရူးမှာကွ၊ ငါရူးမှာ"

အကောင်းကြီးကနေ ရင်ဘတ်ကို တဘုန်းဘုန်း ထုပြီး ထငိုတော့ မျက်လုံးပြူးသွားမိတယ်။ ဘာလဲ၊ မတွေ့ဖြစ်ကြတဲ့ နှစ်တွေအတွင်း ဒီလောက် ပြောင်းလဲသွားတာလား။ ရရကတော့ အရက်နံ့တောင် မရှူဖူးပေမဲ့ တေဇ သောက်နေပုံက ဆရာကျနေသလို။

ထမငိုခင်အထိ ယောက်ျားရင့်မာကြီးလို အထာကျကျ သောက်နေပြီးမှ အခုတော့ သူ မဟုတ်တဲ့အလား မျက်ရည်တွေပါ ပိုးပိုးပေါက်ပေါက် ကျလာတယ်။

"အေးပါ တေဇရာ၊ မင်းနဲ့ ကယ်ဗင်က ဘာလို့ ဝေးရမှာလဲ၊ စိတ်မပူနဲ့နော်"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now