86 - ချည်ထိုးထားတဲ့မာဖလာတွေ

Start from the beginning
                                    

ထိုသို့သော ထိပ်တန်း Alphaတစ်မျိုးကို မြင်သောအခါ၊ ဖြတ်သွားသော Omegaများနှင့် Betaတို့သည် သူ့ကို နောက်ထပ် အနည်းငယ် စောင့်ကြည့်ရန် မှတပါး မကူညီနိုင်တော့ပေ။  သူ့မှာ Omegaရှိနေပြီဆိုတာ သူတို့မြင်တော့ ပြောင်ပြောင်တင်းတင်း မလုပ်ဝံ့ကြပေ ။

ယန်ချုံးက ငွေရှင်းကောင်တာရှေ့တွင် တန်းစီနေခြင်းကို အချိန်ကြာလာသည်နှင့်အမျှ အချိန်ကုန်သက်သာရန်အတွက် ကျိရှင်းလန်ကို အအေးခန်းဆီ နို့သွားယူဖို့ ပြောပြီး သူက အဆာပြေမုန့်များရှိသည့် စင်ဘက်ကိုသွားခဲ့သည်။

ယန်ချုံးက သူ့ဆံပင်တွေကို ပွတ်သပ်လိုက်သည်။  “ဒီမှာနေပြီး မလှုပ်နဲ့။  အကြော်ဗူးနည်းနည်းသွားယူလိုက်ဦးမယ်"

ဒါပေမယ့် ငါးမိနစ်လောက်အကြာ အဆာပြေမုန့်တွေယူပြီး ပြန်လာတဲ့အခါ ကျိရှင်းလန် ရှေ့မှာ မိန်းကလေးတစ်ယောက် ရပ်နေပြီဆိုတာ သူတွေ့လိုက်တယ်။  နှစ်ယောက်စလုံး စကားစမြည်ပြောနေကြပြီး တစ်ယောက်နှင့်တစ်ယောက် အလွန်နီးကပ်စွာ ရပ်နေကြသည်။

ကောင်မလေးက ဆံပင်ရှည်ရှည်နဲ့ တကယ်လှတယ်။  ဆောင်းရာသီဆိုပေမယ့်လည်း စကတ်တို၊ ဘောင်းဘီတိုနဲ့ သားရေဖိနပ်တွေကို ၀တ်ထားတုန်းပါပဲ။

ယန်ချုံးက သူ့ မျက်လုံးများကို မှေးထားလိုက်သည်။  သူထွက်သွားတာ ခဏလေးပဲ၊ သူ့ယောက်ျားနဲ့ ပရောပရည်လုပ်ဖို့ တစ်ယောက်ယောက်က ရောက်လာနေပြီလား ?

'ဟေ့ ဒီမှာရပ်ပြီး မလှုပ်နဲ့လို့ ပြောထားတယ် ။  ငါ မင်းကို မိန်းကလေးတွေနဲ့ ပရောပရည်လုပ်ဖို့ မပြောခဲ့ဘူး!'

သူဒီလိုမခံစားသင့်ဘူးဆိုတာ သူသိပေမယ့် ယန်ချုံး ကတော့ တော်တော်စိတ်မကောင်းဖြစ်မိပြီး သူ့ခြေလှမ်းတွေက ပိုလေးလံလာတယ်။

ဒါပေမယ့် သူ အနားကို ရောက်သွားပြီး သူမကို မြင်လိုက်ရတဲ့ အခါမှာတော့ သူ့စိတ်ထဲမှာ မကျေနပ်မှုတွေက ချက်ချင်း ပျောက်ကွယ်သွားတယ်။

ကျိရှင်းလန်ရဲ့ တစ်ဖက်မှာ ရပ်နေတဲ့ ရင်းနှီးတဲ့မျက်နှာတစ်ခုကို သူတွေ့လိုက်ရတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now