49. အဲဒါက အရမ်းကြောက်စရာကောင်းတာပဲ!

498 58 0
                                    

Unicode

အဲဒါက အရမ်းကြောက်စရာကောင်းတာပဲ!

ရှဲ့ယွီပြောတာကို ကြားသောအခါ ယန်ချုံး အချိန်အကြာကြီး ကြက်သေသေသွားလေသည်။

“ငါ........ မထင်ပါဘူး” ယန်ချုံးက  “မင်းဘာလို့ ဒီလိုပြောရတာလဲ?”လို့မဝံ့မရဲနဲ့ပြောလိုက်သည်။

ရှဲ့ယွီက ဉာဏ်ထက်တဲ့သူမဟုတ်ဘူးလို့ ထင်ရသော်လည်း သူ၏ဗီဇမှာ အလွန်ထက်မြက်ပြီး သူ့ပုံစံက ဆွံ့အတဲ့ပုံပေါ်တဲ့လူတွေထဲက တစ်ယောက်ဖြစ်ပုံရသော်လည်း အမှန်တကယ်မှာတော့  အလွန်ထက်မြက်သော လူတစ်ယောက်ဖြစ်သည်။

ယန်ချုံး က သူ့ကို ထိတ်လန့်စွာနဲ့ စိုက်ကြည့်နေတယ်။  ရှဲ့ယွီ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသွားမလားဆိုတာကို သူမသိဘူး။ ဟိုးအရင်ကတည်းက သူဘယ်သူလဲဆိုတာကို ကျိရှင်းလန် တကယ်သိထားပြီးသားဆိုရင် ကျိရှင်းလန်က သူ့ကို ဘာကြောင့် ဒီလိုတွေ လုပ်တယ်ဆိုတာကို သူတကယ် စိတ်ကူးမယဉ်နိုင်ခဲ့ပါဘူး။

ဒါကို သူတွေးနေရင်းနဲ့ ယန်ချုံးက သူ့အရေပြားတွေ တွန့်သွားသလို ခံစားလိုက်ရပြီး တုန်လှုပ်ခြောက်ခြားသွားတာကို မထိန်းနိုင်တော့ချေ။

“ဒါက ခံစားချက်တစ်ခုပါပဲ။  သူတကယ်မသိဘူးဆိုရင် သူဘာလို့ သနားညှာတာမှုကို ငါ့ကိုပြနေမှာလဲ? Alphaတွေက အရမ်းအမြော်အမြင်ရှိတယ်။သူ မင်းကို ကိုက်နေပြီမို့ အချိန်တိုလေးအတွင်းမှာ သူ့ရဲ့ ပိုင်ဆိုင်လိုစိတ်တွေ ပိုအားကောင်းလာလိမ့်မယ်။ငါသူ့ကို တိုက်ချင်နေတာကိုသူတွေ့တော့ သူ့ရဲ့ပထမဆုံးတုံ့ပြန်မှုက ငါကမင်းကို သူ့ဆီကနေ ဆွဲထုတ်သွားချင်နေမယ်လို့ တွေးမှာ သေချာပေါက်ပဲ ။   သူ့ရဲ့အချစ်ပြိုင်ဖက်ဆီ ကရုဏာတရားကိုပြသနေမယ့် Alpha မရှိဘူး။ သူငါ့ကို ဒီလောက်ထိ နှိမ့်ချနေတာ တကယ်ဖြစ်နိုင်ပါ့မလား?”

ရှဲ့ယွီက သူ့မျက်လုံးများတွင် အနည်းငယ်ရှုပ်ထွေးသောအကြည့်ဖြင့် ခေါင်းကိုကုတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ တစ်စုံတစ်ဦးမှ အဲ့တာကိုလုပ်ဖို့သူ့ကိုခိုင်းစေသည့်တိုင် သူခိုင်လုံသော သက်သေကိုတောင်မပြနိုင်ပေ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now