22. တစ်ယောက်ယောက်က ငါ့ကိုသတ်ရင်တောင် ကျိရှင်းလန်ကိုငါသိခွင့်မပေးနိုင်ဘူး

939 140 1
                                    

Unicode

တစ်ယောက်ယောက်က ငါ့ကိုသတ်ရင်တောင် ကျိရှင်းလန်ကိုငါသိခွင့်မပေးနိုင်ဘူး





ဒါပေမယ့် ကျိရှင်းလန်က ညဝတ်အင်္ကျီ၏ အမြှီးကိုသူ့လက်၌ကိုင်ထားပြီး သူဘယ်လိုဘဲ ရုန်းကန်နေပါစေ ယန်ချုံးက မလွတ်မြောက်နိုင်ခဲ့ပေ

ယန်ချုံးက အမြီးကိုပြန်ယူဖို့ကြိုးစားခဲ့ပေမယ့် ကျိရှင်းလန်က မဆုတ်မနစ်ဘဲ သူကအမြှီးကိုမညှစ်ခင်မှာပတ်ပတ်လည်ကို ရည်ရွယ်ချက်ရှိရှိလှိမ့်လိုက်တယ်။

ဒီလူက ယန်ချုံး၏ညအိပ်ဝတ်စုံတွင် အမွေးဖွားဖွားလေးနဲ့ အမြှီးကို ရှင်းရှင်းလင်းလင်းခံစားနေသော်လည်း သူကအခြားအရာတစ်ခုနှင့် ကစားနေပုံရသည်။  ယန်ချုံးက မကူညီနိုင်ဘဲကြောက်ရွံ့တုန်လှုပ်သွားသည်။  သူကဒေါသတကြီးနဲ့ပြောလိုက်တယ် "မင်းဘာလုပ်နေတာလဲ!"

ကျိရှင်းလန် စိတ်လှုပ်ရှားနေသည်ကိုတွေ့သောအခါ သူကစကားမပြောခင် ရယ်လိုက်သည်။ ကျိရှင်းလန်က မီးတွေပိတ်လိုက်ပြီး ယန်ချုံးကိုအနောက်ဘက်ကနေ ပွေ့ဖက်ဖို့ အိပ်ရာထဲဝင်ခဲ့သည်။  သူ၏မျက်နှာကိုလည်ပင်း၌မြှုပ်ထားကာ သူ့ကိုနမ်းလိုက်သည်။

နို့ရနံ့ပါတဲ့ဆပ်ပြာအား ယန်ချုံး သုံးခဲ့တာကိုသူတကယ်ကြိုက်ပုံရတယ်၊ သူ့ကိုလက်မလွှတ်ချင်ဘူး။  ယန်ချုံး မျက်နှာပေါ်က အပူမပျောက်သေးဘဲ ကျိရှင်းလန်က နားထဲကိုစကားပြောလာခဲ့တယ် "ငါမင်းကိုအရမ်းကိုက်ချင်တယ်"

သူကငရဲအတွက်သာပြောနေသည်ကို ယန်ချုံးသိသည်၊ ဒါပေမယ့် ကျိရှင်းလန်က သူ့အနားသို့ကပ်လာသောအခါ ယန်ချုံးက အလွန်စိတ်လှုပ်ရှားသွားပြီးသူ့နှလုံးသားကခုန်လာသည်။  သူ့ရင်ဘတ်မှကျယ်လောင်သောအသံများကို ကြားနေရသည်။

ယန်ချုံးက ခေါင်းကိုလှည့်ပြီး အမှောင်ထဲကြည့်ဖို့ မရဲဝံ့ခဲ့ပေ ။  သူ့နောက်ကလူရဲ့အသက်ရှူသံက သူ့ကုပ်ပိုးကိုပွတ်တိုက်နေသလိုခံစားရတယ်။  အမှောင်ထု၏ပတ်ဝန်းကျင်က ခဏသာကြာခဲ့ပြီး သူတို့နှစ်ယောက်လုံးမလှုပ်မယှက်ရှိနေခဲ့တယ် ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် حيث تعيش القصص. اكتشف الآن