78 - ငရဲကိုသွားလိုက်တော့ ကျိရှင်းလန်

169 24 0
                                    

Unicode

ငရဲကိုသွားလိုက်တော့ ကျိရှင်းလန်

တံခါးနားသို့ တစ်စုံတစ်ယောက် ချဉ်းကပ်လာသည်ကို ကြားသောအခါ ယန်ချုံးက ချက်ချင်း ထိတ်လန့်သွားသည်။  သူသိမ်းပိုက်ထားတဲ့နေရာကို လျှော့ချဖို့ အကောင်းဆုံးကြိုးစားခဲ့ပြီး ထိတ်လန့်တကြားနဲ့ အကူအညီတောင်းဖို့ ကျိရှင်းလန် ကို တစ်ချက်ကြည့်လိုက်တယ်။

ဒီကောင်က သူ့ကို သွေးဆောင်နေလို့ပဲလေ !

ဒါက ရှက်စရာကောင်းလွန်းတယ်။  သူ့ကိုသာတွေ့သွားခဲ့ရင် သူ့နာမည်ကို ဘယ်တော့မှ ရှင်းနိုင်မှာမဟုတ်ဘူး။

ဒါပေမယ့် ကျိရှင်းလန်ကတော့ ဒါကို လုံးဝစိတ်မ၀င်စားပါဘူး။  သူ့မျက်လုံးများတွင် ထိတ်လန့်တကြား မမြင်ရရုံသာမက ကျိရှင်းလန်က ပိုသဘောကျလာတာကို တွေ့လိုက်ရသည်။

ယန်ချုံး၏ခြိမ်းခြောက်သောအကြည့်အောက်တွင် ကျိရှင်းလန်က နောက်ဆုံး ထိုလူက သူတို့၏တံခါးရှေ့သို့ မရောက်လာမီတွင် စကားပြန်ပြောခဲ့သည်။

ကျိရှင်းလန်က ယန်ချုံး လည်ပင်းကို ဆုပ်ကိုင်ထားရန် လက်တစ်ဖက်ဖြင့် ဆန့်လိုက်ပြီး သူ့ခန္ဓာကိုယ်နှင့် နီးကပ်စွာ ဖိထားလိုက်သည်။  ထိုအချိန်တွင် သူက “ငါ ဒီမှာပါ” ဟု တည်ငြိမ်စွာ ဖြေလိုက်တယ်။

“…အာ။  မင်းဒီမှာလား ?  ငါတို့ မင်းကို ရှာနေတာ " ကျိရှင်းလန် အဖြေကို ကြားသောအခါ အပြင်မှလူက အနားတွင် ရပ်တန့်သွားသည်။  သူက သူတို့ရှိနေသည့်နေရာမှ တံခါးတစ်ပေါက်နှင့် အကွာတွင် ရပ်နေသည်။  "မင်းဘာလို့ဒီလောက်မြန်မြန်ပြေးသွားတာလဲ?   မင်းမိန်းမကို ဂရုမစိုက်ဘူးလား? "

လီချန်းရန်၏ အသံသည် အခန်းထဲတွင် ဆူညံနေသော ရေစီးသံကြောင့် အနည်းငယ် ရောထွေးသွားသည်။

ဒါ​ပေမယ့်​ သူ​ပြော​နေတာကို ကြားလိုက်​တာနဲ့ ယန်ချုံး သက်​သာ​ရာရသွားတယ်​။  သူ ကျိရှင်းလန် နဲ့ အတူရှိနေတာကို သူတို့ သတိမထားမိပုံပဲ။

အများသူငှာ ရေချိုးခန်းရှိ အကန့်တွေက ကြီးကြီးမားမားမဟုတ် —တစ်စတုရန်းမီတာသာ ကျယ်ဝန်းသောကြောင့် ကျိရှင်းလန်နဲ့ အနည်းငယ် အဆင်မပြေဖြစ်ခဲ့ရသည်။  ဒါ့အပြင် ရေချိုးခန်းထဲက အငွေ့တွေက အသက်ရှူကြပ်သလို ခံစားရတယ်။  အချိန်အနည်းငယ်ကြာသွားချိန် ယန်ချုံးက ခေါင်းမှ ခြေဖျားအထိ နီရဲနေပြီဖြစ်သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now