44. အမှတ်အသားပေးတယ်ဆိုတာကို မင်းနားလည်ရဲ့လား ?

606 61 0
                                    

Unicode

အမှတ်အသားပေးတယ်ဆိုတာကို မင်းနားလည်ရဲ့လား  ?

ယန်ချုံးက သူ့ကိုယ်သူ အနံ့ခံဖို့ ခေါင်းငုံ့ထားသော်လည်း အခန်းထဲမှာ pheromones အနံ့တွေ ရောနှောနေတာကြောင့် အနံ့မခံနိုင်ခဲ့ပေ ။

ဒါတောင်မှ ယန်ချုံးက ယာယီအမှတ်အသားတစ်ခုပေးပြီးရင် သူ့ခန္ဓာကိုယ်မှာ အလွန်ပြင်းထန်တဲ့ ရနံ့တစ်ခု ကျန်နေမယ်ဆိုတာ သိထားပြီး ရက်အနည်းငယ်အကြာမှာ လုံးဝပျောက်ကွယ်သွားပါလိမ့်မယ်။

ဒါပေမယ့် သူကျောင်းမတက်ရင် ရှဲ့ယွီက သူ့အကြောင်းကို သေချာပေါက် မေးလာလိမ့်မယ်။

'ငါက ဘာပြောရမှာလဲ ? ဒီလူယုတ်မာ ကျိရှင်းလန်ဆီက အကိုက်ခံရပြီး အခု သူနဲ့တူတဲ့ အနံ့ရနေတော့ ကျောင်းတက်ရမှာ ရှက်လိုက်တာ '

ဖျားချင်ယောင်ဆောင်တာ ပိုကောင်းလိမ့်မယ်။  ဒါ​ပေမယ့်​ အဲ့လိုလုပ်မယ်ဆို ရှဲ့ယွီက သူ့အတန်းဖော်​​တွေကို  ကိုယ်စားပြုပြီး သူ့အိမ်​ကိုလာလည်​လိမ့်မယ်​။ အဲ့နောက်မှာ ကျိရှင်းလန်က မနာလိုဖြစ်ပြီး ယန်ချုံးကို သတ်ပစ်လိမ့်မယ် ။

ယန်ချုံးက သူ့ပါးစပ်ထဲက သာမိုမီတာရှိနေချိန် နက်ရှိုင်းတဲ့ အတွေးထဲ နစ်မြုပ်သွားချိန်မှာ မယုံနိုင်လောက်အောင် ချစ်စရာကောင်းနေပုံရသည်။ ကျိရှင်းလန်က မငြိမ်မသက်ဖြစ်သွားပြီး ထိုသာမိုမီတာကို အခြားအရာတစ်ခုခုဖြင့် အစားထိုးပေးလိုက်ချင်သည်။

မိနစ်အနည်းငယ်ကြာပြီးနောက်မှာ ကျိရှင်းလန်က သာမိုမီတာကို ဆွဲထုတ်လိုက်ပြီး ယန်ချုံးကို သတိမထားမိဘဲ နမ်းလိုက်သည်။

တစ်ညတာ ကုန်ဆုံးပြီးနောက် ယန်ချုံး အပူချိန်က ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။

"လည်ပင်းနာနေသေးလား ? " ကျိရှင်းလန်က သူ့ကို မေးလိုက်တယ် ။

ယန်ချုံးက သူ့လည်ကုပ်ပေါ်မှ ပတ်တီးစကို ကိုင်လိုက်သည်။တမင် ကိုင်လိုက်တော့ နည်းနည်း နာကျင်နေတုန်းပဲ။

Alphaက ရနံ့ဂလင်းမှတဆင့် အရေပြားအတွင်း နက်ရှိုင်းစွာ ကိုက်ပြီး pheromoneများကို ထိုးသွင်းရတာဖြစ်ပြီး  သူ့လည်ပင်း အရေပြားက အတော်လေး နူးညံ့တာကြောင့် ဒဏ်ရာက ကုဖို့ တော်တော်ခက်တယ်။  နည်းနည်းလေး ဂရုမစိုက်တာက ရောဂါပိုးကူးစက်မှုအထိ ဖြစ်နိုင်တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now