Unicode
မင်းကိုယ်တိုင် ယန်ချုံးကိုသွားမေးလိုက်
လင်းဝေ သူ့ဆီပို့လာသော မက်ဆေ့ချ်ကို ယန်ချုံးစကားမပြောနိုင်ဘဲ စိုက်ကြည့်နေလေသည်။
'ဘာကိုဆိုလိုတာလဲ? အချစ်က ဘယ်တော့မှမပြီးဆုံးဘူး? လင်းဝေက ငါနဲ့တွဲနေတဲ့ ကျိရှင်းလန်ကိုလိုချင်နေတာလား? '
ယန်ချုံး သက်ပြင်းချပြီး ထထိုင်လိုက်သည်။လင်းဝေအဲ့တာကို မြင်လိုက်ကတည်းကအဲ့တာကိုတွေ့သွားတဲ့လူတွေ အများကြီးရှိရမယ်။
သို့သော် လင်းဝေက ကျိရှင်းလန်ရဲ့ လက်ရေးနှင့်ရင်းနှီးပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် သူမ၏ယခင်ခန့်မှန်းချက်ကြောင့် လင်းဝေက ၎င်းကို မှတ်မိနိုင်သည်။အဲ့တာကိုမြင်တဲ့ တခြားသူတွေက ဒီအရည်အသွေးတွေကို သေချာပေါက် မပိုင်ဆိုင်ထားတာကြောင့် ပို့စ်စကတ်ကို ဘယ်သူရေးတယ်ဆိုတာ သူတို့ မသိနိုင်ပါဘူး။
မည်သို့ပင်ဆိုစေကာမူ ဤကိစ္စအတွက် သူစိုးရိမ်စရာအကြောင်းမရှိဘူး။ယန်ချုံးက အတန်းပြီးသည်အထိ နာခံစွာဖြင့် စောင့်ဆိုင်းခဲ့သည်။ ခေါင်းလောင်းသံကြားတော့ သူကစူပါမားကတ်မှာရှိနေတဲ့ ပို့စ်စကတ်ကို ဖယ်ရှားဖို့ ကျောင်းအဆောက်အဦးမှ အမြန်ထွက်လာခဲ့သည်။ သူ၏ လှုပ်ရှားမှုများသည် တီဗီရှိုးများတွင် ဧကရာဇ်မင်းမြတ်၏ အမိန့်ကို တုံ့ပြန်သည့် လူများထက်ပင် လျင်မြန်ပြီး စူပါမားကတ်သို့ လူစုလူဝေးလိုက်ရောက်ရှိလာမှာကို ကျော်လွန်သွားခဲ့သည်။
စလစ်ကို ခိုးယူပြီးနောက် ယန်ချုံးက စင်တစ်နေရာတွင် ရပ်လိုက်ပြီး မုန့်ထုတ်တွေ နှစ်အိတ်တောင် ကောက်ယူခဲ့သည်။သူ့မှာ ကိုယ်ဝန်ရှိနေလို့ အစာစားချင်စိတ်ကြီးထွားလာတာလို့လားလို့တောင် သူတွေးမိတယ်။
သူ့ရဲ့အစာစားသုံးမှုကို ထိန်းချုပ်ပြီး သူ့ကိုကျိရှင်းလန် ရှုတ်ချပြောဆိုခြင်းမှ တားဆီးရန် ယန်ချုံးက သူရွေးချယ်ထားသော အဆာပြေအိတ်တစ်ထုပ်ကို တွန့်ဆုတ်တွန့်ဆုတ်နဲ့ပြန်ရွေးလိုက်ပြီး အချိုရည်တွေရှိတဲ့နေရာသို့ လျှောက်သွားခဲ့သည်။
YOU ARE READING
Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်
RomanceName - After Transmigrating Into an Omega, I Was Marked by the Enemy Type - Web Novel (CN) Author(s) - 十权 Mm. trans - Karry phyo + Khat Status in COO - 115 chapters +11 extras (complete) Creadit to original author and english translater. #novel upd...