Unicode
လောလောဆယ် မင်းကို ငါ့ရနံ့နဲ့ လွှမ်းခြုံထားတယ်ဆိုတာ မင်းသိလား?
ယန်ချုံး က သူ့ကို အားပျော့တဲ့ အလင်းတန်းတွေပေးပြီး စောင်အောက်ကို တိတ်တိတ်လေး လက်ထည့်ပြီးမအိပ်ခင် သူ့လက်ကို ဖယ်လိုက်တယ်။ကျိရှင်းလန် က ယန်ချုံး ကို ကြိုက်တယ်လို့ ပြောတဲ့အခါ ကျိရှင်းလန် အဲ့တာကိုဆိုလိုတာက မဟုတ်ဘူးဆိုရင်လည်း ကိစ္စမရှိပါဘူး။ တကယ်တော့ ယန်ချုံး က သူ့ကြေငြာချက်ကြောင့် အရမ်းထိတ်လန့်သွားပြီး သူပြေးချင်နေခဲ့တယ်။ နောက်ဆုံးတော့၊ ဒီမတိုင်ခင်မှာ သူက "မင်း"ဆိုပြီး ကျိရှင်းလန် ရည်ညွှန်းတဲ့သူက ဘယ်သူလဲဆိုတာကိုသူ တကယ်သိချင်ခဲ့တယ်။
ကျိရှင်းလန်က ဤအရာများကို ယန်ချုံးအား မည်သို့မျှပင်ပြောနေပုံမပေါ်ပေ။
ဒါကြောင့် ယန်ချုံး စိတ်ဓာတ်ကျလာသည်။
အခုအချိန်မှာတော့ ကျိရှင်းလန်က သူ့နဲ့ ပိုရင်းနှီးလေလေ၊ အဲ့တာကတစ်နေ့နေ့မှာ မလွဲမသွေ သိလိုက်ရတဲ့အခါမှာတော့သူ့အတွက် အမှန်တရားကို လက်ခံဖို့က ပိုခက်လာလေလေပါပဲ။
နောက်ဆုံးမှာတော့ သူက အရင်တုန်းက ကျိရှင်းလန် အတွက် တကယ်ကို ကြောက်စရာကောင်းခဲ့တယ်။ ကျိရှင်းလန် က သူ့ကို လုံးဝ မုန်းတီးနေခဲ့သည် ။
ယန်ချုံးက ကျိရှင်းလန် ကို မကြိုက်စေရန် သူ့ကိုယ်သူ ပို၍ စိတ်အနှောင့်အယှက်ဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ချင်သည်။ ဒီလိုနဲ့ အမှန်တရားကို ထုတ်ဖော်လိုက်တဲ့အခါ သူက ယန်ချုံးကို သိပ်မုန်းမှာမဟုတ်ဘူး။
ယန်ချုံးက ထိုအချိန်တွင် ကျိရှင်းလန် ဘယ်လိုခံစားရမလဲဆိုတာကို သူနားလည်နိုင်ဆဲဟု ယန်ချုံးက ယုံကြည်ခဲ့သည်။ နောက်ဆုံးတော့ ကျိရှင်းလန်က သူကြိုက်တဲ့လူဟာ တကယ်တော့ အတိတ်က သူအမုန်းဆုံးလူဆိုတာ ရုတ်တရက် သိလိုက်ရတော့မှာ။ ဒီ ကျိရှင်းလန် ဟာ တကယ်တော့ ကျိရှင်းလန် မဟုတ်ပေမယ့် ကျိရှင်းလန် ရဲ့ ခန္ဓာကိုယ်ထဲကို ကူးပြောင်းသွားတဲ့ ချန်ကုံး ဖြစ်တယ်လို့ ယန်ချုံး ရုတ်တရက် သိသွားရသလိုမျိုးနဲ့တူတယ်။ သူအဲ့တာကိုဘယ်လိုလက်ခံရမလဲ?
YOU ARE READING
Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ်
RomanceName - After Transmigrating Into an Omega, I Was Marked by the Enemy Type - Web Novel (CN) Author(s) - 十权 Mm. trans - Karry phyo + Khat Status in COO - 115 chapters +11 extras (complete) Creadit to original author and english translater. #novel upd...