42. ငါ့ကတိကို ဘယ်တုန်းက ဖျက်ဖူးလို့လဲ ?

723 79 0
                                    

Unicode

ငါ့ကတိကို ဘယ်တုန်းက ဖျက်ဖူးလို့လဲ ?

သူအားနည်းသောအခြေအနေတွင်၊ ယန်ချုံးက ကျိရှင်းလန်ကို ဖက်ပြီးမှီလိုက်သည် ။ သူ့လက်ထဲက ပါးလွှာတဲ့ လည်ပင်းကို ငုံ့ကြည့်ရင်း ကျိရှင်းလန်က သူလက်ဗလာနဲ့ ဖမ်းဆုပ်လိုက်နိုင်ပြီလို့ ခံစားလိုက်ရတယ်။

ယန်ချုံး လည်ပင်းက အသားက နူးညံ့ပြီး အရေပြားက နီမြန်းလာက သူ့ estrus ရာသီကြောင့်လည်း ပူလောင်နေသည် ။ ကျိရှင်းလန်က သူ့ခေါင်းငုံ့လိုက်တဲ့အခါမှာ သူ့ရဲ့ သူ့ ခွေးသွားတွေက ပျော့ပျောင်းတဲ့ အရေပြားမှတဆင့် အလွယ်တကူ ဝင်သွားကာ ရနံ့ဂလင်းထဲသို့ ထိုးဖောက်ဝင်ရောက်သွားသည်။ ထိုခဏတွင် ကျိရှင်းလန် ပါးစပ်သည် သွေးနံ့သင်းသင်းနှင့်pheromones မွှေးရနံ့များဖြင့် ပြည့်နေသည်။ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘူး။

သူ့ရနံ့ဂလင်းကို ကိုက်လိုက်သည့်အခိုက်တွင် ယန်ချုံးက နာကျင်မှုကြောင့် တဟုန်ထိုး အော်ဟစ်လိုက်ပြီး နာကျင်လွန်းလှတဲ့ နာကျင်မှုမှ ရုန်းထွက်လုနီးပါး ဖြစ်သွားသည်။ ကျိရှင်းလန်က ချက်ချင်း သူ့ကို တင်းတင်းကြပ်ကြပ်ပွေ့ဖက်လိုက်ပြီး နာကျင်မှုကို ခဏတာခံနိုင်စေဖို့ ပြောနေသလိုပဲ သူ့ကို နှစ်သိမ့်ဖို့ ကျောရိုးကို ပွတ်သပ်လိုက်သည်။

ကျိရှင်းလန်က သူ့ pheromones တွေကို ယန်ချုံးရဲ့ ရနံ့ဂလင်းထဲသို့ တဖြည်းဖြည်း ထိုးသွင်းခဲ့ပြီး၊ ယန်ချုံးက သူ့ estrus ရာသီအတွင်း Alphaရဲ့ pheromoneတွေအတွက် ပြင်းပြသော ဆန္ဒက နောက်ဆုံးတွင် ပြည့်နှက်သွားသည်။သူက သဲကန္တာရထဲတွင် ပျောက်ဆုံးသွားသော ခရီးသွားတစ်ဦးနှင့်တူပြီး ချိုမြိန်သောရေနဲ့ အိုအေစစ်တစ်ခုကို ရုတ်တရက်တွေ့ရှိခဲ့သလို သူ့တစ်ကိုယ်လုံး pheromoneတွေ ထဲ နစ်မြုပ်သွားခဲ့သည်။ သူ့လည်ပင်းကို ချိတ်ထားစဉ်မှာ သူ့Alphaကို ပွေ့ဖက်ထားပြီး ကျိရှင်းလန်ရဲ့ pheromoneတွေကို သူ့ထဲကို ထိုးသွင်းလိုက်တဲ့အခါ ဖြစ်ပျက်သမျှက အိပ်မက်တစ်ခုလို ခံစားလိုက်ရတယ်။

သူ့တစ်ကိုယ်လုံး ပျော်ရွှင်မှုနဲ့ နှစ်သိမ့်မှုတို့ဖြင့် နစ်မြုပ်နေခဲ့သည်။ သူ့မှာ တခြားဘာကိုမှ တွေးတောဖို့ ခွန်အားမရှိသလို ထိုအခိုက်အတန့်ကို ပျော်ရွှင်ဖို့သာ အာရုံစိုက်နိုင်ခဲ့တယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now