24. ဒါဆို လန်လန် လို့ခေါ်ရအောင်

862 133 4
                                    

Unicide

ဒါဆို လန်လန် လို့ခေါ်ရအောင်


တစ်ခါက မစ္စတာ လုရွှယ် ပြောဖူးတယ်။

ကြောင်ပေါက်လေးရဲ့အသက်က သူ့လက်ထဲရောက်နေတယ်ဆိုတာကို သူမြင်လိုက်တဲ့အခါ ယန်ချုံးက သူ့ကိုယ်သူအနည်းငယ်မသေချာတော့ဘူး။  သူကတံတွေးမျိုချလိုက်ပြီး သူ့ရှေ့ကလူကိုသတိပညာမဲ့တဲ့အကြည့်နဲ့ကြည့်လိုက်တယ်။  သူ့မျက်လုံးတွေက ကျိရှင်းလန်ရဲ့ နှုတ်ခမ်းပေါ် ရောက်လာတဲ့အခါ အကြောင်းတစ်ခုခုကြောင့် ယန်ချုံးဟာ မနေ့ကသူမက်ခဲ့သောအိပ်မက်ကို ပြန်သတိရသွားပြီးနှလုံးသားကတုန်သွားသည်။

သူက ကျိရှင်းလန်လက်ထဲမှာရှိနေတဲ့ ကြောင်ပေါက်လေးကိုချောင်းကြည့်လိုက်တဲ့အခါ သူ့မျက်နှာကအရက်မူးလာသလိုမျိုး လောင်ကျွမ်းလာသည်။  မသိစိတ်ကသူ့အင်္ကျီအနားကို ဆုပ်ကိုင်လိုက်သည်။

မိုးကပိုသည်းထန်လာခဲ့သည်။ ကျိရှင်းလန်က ကြောင်ကိုကုတ်ကနေဆွဲပြီး မြှောက်လိုက်သည်။ ၎င်းကအပြစ်ကင်းသောမျက်လုံးများကို ပြူးကျယ်လာစေပြီး ၎င်း၏ခြေထောက်များနဲ့ ကန်ခဲ့သည်။ ကျိရှင်းလန်က ယန်ချုံးကို တည်တည်ငြိမ်ငြိမ်နဲ့ စိတ်ထိန်းထားတဲ့အကြည့်နဲ့ ကြည့်နေစဉ် ကျိရှင်းလန်က သူ့နှုတ်ခမ်း၌အပြုံးရေးရေးလေးနဲ့ ကြောင်ပေါက်လေးကို နူးညံ့စွာဆုပ်ကိုင်ထားသည်။ သူက ယန်ချုံး စကားပြောတာကိုစောင့်နေပုံရသည်။

မည်သည့်အချိန်၌မဆို မိုးရေထဲကိုပစ်ချခံရနိုင်သောကြောင်လေးကိုကြည့်နေစဉ် ယန်ချုံးက ဆုံးရှုံးသွားသလိုခံစားလိုက်ရသည်။ ကျိရှင်းလန်က နောက်နေတာလား၊ ကြောင်ပေါက်လေးကိုအပြင်ကို တကယ်ပစ်လိုက်မှာလားဆိုတာကို သူမပြောနိုင်ဘူး။

ယန်ချုံး ဘာကိုပြန်တွေးတောနိုင်တာလဲဆိုတဲ့အပေါ် မူတည်၍ ကျိရှင်းလန်က အဖတ်တောင်မလုပ်ပေ။  သူကဘာကိုမှစိတ်မဝင်စားသလို အသည်းအသန်ဖြတ်တဲ့အရာလည်းမရှိပေ။အထူးဝါသနာတွေဘာတွေရှိပုံမပေါ်ဘူး၊ပြီးတော့ အထူးသဖြင့် သူနှစ်သက်သောအရာဘာတစ်ခုမှမရှိခဲ့ပါဘူး။  သူကတိရိစ္ဆာန်များကိုမနှစ်သက်ဘူး၊ ဂိမ်းတွေကိုမကြိုက်ဘူး၊ သူပျင်းတဲ့အခါမှာ ကမ္ဘာတစ်ဝှမ်းမှဂန္ထဝင်စာအုပ်များကို အေးအေးဆေးဆေးနဲ့ ဖတ်လိမ့်မည်။  သူကအဖိုးအိုတစ်ယောက်လို ပျင်းစရာကောင်းသည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now