81 - ငါ့ခြေထောက်တွေကို လွှတ်!

177 21 0
                                    

Unicode

ငါ့ခြေထောက်တွေကို လွှတ်!


ယန်ချုံး ၏ကိုယ်ဝန်အတုနှင့်ပတ်သက်ပြီး ကျိရှင်းလန် ၏လိမ်လည်မှုကို ထုတ်ဖော်ပြီးကတည်းက ယန်ချုံးဟာ အပန်းဖြေသည့်နေ့ရက်များကို ဖြတ်သန်းနေခဲ့သည်။  အကြောက်အလန့်မရှိဘဲ စားနိုင်တယ်၊ ကစားနိုင်တယ်၊ လုပ်ချင်တာ လုပ်လို့ရတယ်။


ဒါပေမယ့် ကျိရှင်းလန် ကတော့ ဒီလိုအချိန်ကောင်းမျိုး မရှိခဲ့ပါဘူး။


ပြစ်ဒဏ်အနေဖြင့် ယန်ချုံးက ကျိရှင်းလန်ကို သူနှင့်အိပ်ရာဝင်ရန် အမှန်တကယ် ခွင့်မပြုခဲ့ပေ။  အဲဒီညက သူ့ကို မွေ့ယာနဲ့ စောင်ကို ပစ်ပေးလိုက်ပြီး ကြမ်းပြင်ပေါ်မှာ သူ့ဖာသာတစ်ယောက်တည်း အိပ်ဖို့ ပြောလိုက်တယ်။  အရှက်မဲ့စွာနဲ့ အိပ်ယာပေါ်တက်နေလိမ့်ဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။

နောက်နေ့ညတွင် သူ့သင်ခန်းစာကို သင်ယူပြီးနောက် ယန်ချုံးက သူ့ကို ဆိုဖာပေါ်တွင် အိပ်ရန် မောင်းထုတ်ခဲ့သည်။ထိုအချိန်မှစ၍ အိပ်ရာမဝင်မီ တံခါးကို လော့ခ်ချထားခဲ့သည်။

ယန်ချုံး သူ့စကားအတိုင်းလုပ်တတ်တဲ့ လူစားမျိုးဖြစ်သည်။ကျိရှင်းလန် ကို တစ်လအပြစ်ပေးမယ်လို့ ပြောရင် သူတစ်လ အပြစ်ပေးခံရမှာ သေချာပေါက်ပဲ။ကျိရှင်းလန်က ဘယ်လောက်ပဲ သနားစရာကောင်းတဲ့ပုံ ဟန်ဆောင်နေပါစေ အဲ့တာကအသုံးမဝင်ဘူး!

ထို့ကြောင့် တစ်ပတ်လုံးလုံး ကျိရှင်းလန်က ဧည့်ခန်းရှိ ဆိုဖာပေါ်တွင် အိပ်ခဲ့သည်။  သို့သော်လည်း ဧည့်ခန်း၏ မူလနေထိုင်သူက ကြိုဆိုခြင်း မရှိပေ။  နေ့တိုင်း ကြောင်လေးက ကျိရှင်းလန်အပေါ်ကို ခုန်တက်ပြီးနှိုးတယ်။


 ယန်ချုံးကတော့ ဒေါသထွက်နေသေးသည်။ညဘက်မှာ ကျိရှင်းလန်အား သူနှင့် အိပ်ခြင်းကို တားမြစ်ထားရုံသာမက နမ်းခြင်း သို့မဟုတ် ပွေ့ဖက်ခြင်းကိုလည်း ခွင့်မပြုခဲ့ပေ။  ကျိရှင်းလန်က သူ့ကိုကြည့်ရုံပဲကြည့်နိုင်ခဲ့သည်။

ထိုအချိန်တွင် ယန်ချုံးက အမှန်တကယ် ဒေါသထွက်နေပုံရသည်။  ကျိရှင်းလန်က  ရုတ်ရုတ်ရုတ်ရုတ်လုပ်တာကိုဖန်တီးရာတွင် ဘယ်လောက်ပဲ ကောင်းနေပါစေ ကိစ္စမရှိဘူး။ သူက သူ့နယ်နိမိတ်တွေကို သိနေသေးပြီး ဒီကာလအတွင်း နောက်ထပ်ဒုက္ခမပေးရဲတော့ပေ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now