27. ဒါဆို ငါ့ကို အစ်ကိုကြီးလို့ ခေါ်

725 107 0
                                    

Unicode

ဒါဆို ငါ့ကို အစ်ကိုကြီးလို့ ခေါ်




ကျိရှင်းလန်က သူတို့၏ကျောင်းတွင် နာမည်ကြီးပုဂ္ဂိုလ်တစ်ယောက်ဖြစ်သည်။ အတန်းပိုင်ဆရာမ စွင်းမောင်က သူကမည်မျှ လုံ့လဝီရိယ ရှိသည်ကို မြင်သောအခါ (သူသည် စစ်တပ်ကျောင်းတွင် အတန်းအားလုံး ပြီးသွားသော်လည်း သင်ခန်းစာယူရန် ဆန္ဒရှိသောကြောင့်)သူမက သူ့ကိုအတန်းမှာလာတက်ရန် အလွန်ဆန္ဒရှိခဲ့သည်။ .

ကျိရှင်းလန်မှ သူ၏အဝေးဝမ်းကွဲဖြစ်တဲ့ ယန်ချုံး နှင့် အတူထိုင်လိုကြောင်းပြောသောအခါ သူမက ထိုကိစ္စကို မစဉ်းစားဘဲ သဘောတူခဲ့သည်။

ထိုနေ့မနက်စောစောတွင် စွင်းမောင် က ယန်ချုံး ကို စကားပြောဖို့ စြင်္ကံဆီ ခေါ်သွားခဲ့သည် ။

သူမက ယန်ချုံး ၏လေ့လာမှုများအတွက် စိုးရိမ်ပူပန်မှုကို ပထမဆုံးထုတ်ဖော်ပြသခဲ့ပြီး သူနှင့်သူမ၏ဆွေးနွေးမှုရဲ့ အဓိကအကြောင်းအရာကို ဖြည်းဖြည်းနှင့် လိမ္မာပါးနပ်စွာမယူဆောင်မီတွင် သူ့အား ပညာသင်ကြားရာတွင် အထောက်အကူဖြစ်စေရန်အတွက် ကျိရှင်းလန်ကို သူနှင့်အတူထိုင်စေလိုခဲ့သည်။

သူမပြောသောစကားများကို သူကြားလိုက်တဲ့အခါ ယန်ချုံးက လေးလေးနက်နက်တွေးတောနေရန်ပင်မလိုအပ်ပေ။ ဒါက ကျိရှင်းလန် လုပ်နေတာကိုသူသိသည်။

ယန်ချုံးက နောက်ဆုံးတွင် လွတ်လပ်မှုအချို့ကို ရရှိခဲ့သည်။အခုသူက ကျိရှင်းလန် နဲ့အတူထိုင်သင့်လား? သူ လုံးဝမလိုလားခဲ့ဘူး။

ကျိရှင်းလန်က သူ့ကို အိမ်မှာ ညှဉ်းပန်းနှိပ်စက်နေခဲ့တာနဲ့ လုံလောက်နေပါပြီ။ ကျိရှင်းလန်က လူရှေ့သူရှေ့မှာ မကောင်းမှုပြုလုပ်မှာလား၊မပြုလုပ်ဘူးလားဆိုတာကို ဘယ်သူသိမှာလဲ?

ယန်ချုံး က ချက်ချင်းပြောလာတယ် "ကျွန်တော်က Omegaဖြစ်ပြီးတော့ သူက Alphaတစ်ယောက်လေ။အတူတူထိုင်ဖို့က မသင့်တော်ဘူး" ထိုအကြောင်းပြချက်ဖြင့် စွင်းမောင် ၏တောင်းဆိုမှုကို ငြင်းဆိုခဲ့သည်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now