6. မင်းရဲ့ Alpha ကမင်းရဲ့ estrus ကာလကို ကျော်ဖြတ်နိုင်အောင် ကူညီပေးလိမ့်မယ်

1.9K 255 4
                                    

Unicode

မင်းရဲ့ Alpha ကမင်းရဲ့ estrus ကာလကို ကျော်ဖြတ်နိုင်အောင် ကူညီပေးလိမ့်မယ်

ကျိရှင်းလန် ထွက်ခွာသွားပြီးနောက်မှာ ယန်ချုံးက သူ့အခန်းကိုပြန်လာခဲ့သည်။ သူပထမဆုံးလုပ်မိတာကပန်းရောင်ယုန်ဖိနပ်ကို ချွတ်ပစ်လိုက်ပြီး ကုတင်ပေါ်မှာရှိခဲ့တဲ့ကစားစရာအရုပ်တွေအားလုံးကို လွှင့်ပစ်လိုက်တာဘဲ ။

သူကကုတင်ဘေးမှာ ထားခဲ့တဲ့ဖုန်းကို တစ်ညလုံးအားသွင်းခဲ့တာမို့ သူကဖြုတ်ပြီး ဈေးဝယ်အက်ပလီကေးရှင်းကို ဖွင့်လိုက်တယ်။ သူကဖိနပ်အသစ်နဲ့ အတွင်းခံအသစ်တွေကို ၀ယ်ဖို့လိုအပ်သော်လည်း ကုန်တိုက်ကိုသွားပြီး လူကိုယ်တိုင်သွားဝယ်ဖို့ ရှက်လွန်းသဖြင့် အွန်လိုင်းမှကြည့်ခဲ့ရသည်။

သူကရှာဖွေရေးဘားကို ဖွင့်လိုက်တာနဲ့ ရှာဖွေမှုမှတ်တမ်းက သူ့အာရုံကိုဆွဲဆောင်သွားခဲ့တယ်။ သူကသူတို့ကိုတစ်ယောက်တည်းကြည့်ပြီး သူ့မျက်လုံးတွေကအံ့အားသင့်စွာပြူးထွက်လုနီးပါးဘဲ ။

ဖောင်ဒေးရှင်း၊ ရေမွှေး၊ facial masks ပြီးတော့ ... ဘာကြီးလဲ၊ လက်ထိပ်ခတ်ခြင်းနှင့်ကိုယ်ဝန်စစ်ဆေးခြင်းကဘာလဲ ? !

အသက်ရှုမဝတော့ဘဲ သူလဲကျလုမတတ်ဖြစ်သွားတယ်

ဒါကဘာလဲ ?!

ယန်ချုံးက ဤမူလပိုင်ရှင်အတွက် ရယ်ရမည်လား၊ ငိုရမည်လားမသိတော့ပေ ။

ထိတ်လန့်မှုများမှေးမှိန်သွားပြီးနောက်မှာ သူလိုအပ်တာတွေဝယ်ဖို့ သတိရလိုက်သည် ။
သူကမူလပိုင်ရှင်ရဲ့ အပေါ်ယံတွင် အလွန်ကောင်းမွန်နေတဲ့ပုံပေါ်နေသည်ကို တွေ့သောအခါ သူကအော်ဒါမှာပြီး အစားထိုးဖို့အတွက် အဝတ်အစားများစွာကိုရွေးချယ်ခဲ့သည်။သူတကယ်ဆင်းရဲသွားပြီ ပြီးတော့ သူ့ရဲ့ credit card ကိုအလွန်အကျွံသုံးခဲ့မိသွားပြီ!

သူ့အတွက်ပေးတဲ့မုန့်ဖိုးအားလုံးကို skincare products တွေ ၀ယ်ဖို့သုံးတယ်။ သူ့အွန်လိုင်းပိုက်ဆံအိတ်မှာယွမ် ၁.၆၀ သာကျန်တော့သည်၊ သူကအတွင်းခံတောင် မတတ်နိုင်ဘူး ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now