16. အလွန်စိတ်လှုပ်ရှားဖွယ်ရာနှင့်ပျော်စရာ

1.2K 181 1
                                    

Unicode

အလွန်စိတ်လှုပ်ရှားဖွယ်ရာနှင့်ပျော်စရာ

သူတို့သည်တောအုပ်ငယ်လေးမှ ထွက်လာပြီး လမ်းနံဘေးသို့ပြန်လာချိန်မှာ ကောင်းကင်ကြီးက လုံးဝမှောင်စပြုနေပြီဖြစ်သည်။ လမ်းတစ်လျှောက်လုံးမှာ မစ္စတာရန်က အဆုံးမရှိဘဲ ယန်ချုံး ကိုနှစ်သိမ့်ရာတွင် နာကျင်ခြင်းမရှိတာကို စကားနာထိုးခဲ့သည်။ယန်ချုံးကအဲ့တာကိုထပ်ပြီး သည်းမခံနိုင်တော့ဘဲ သူ့ကိုအမှန်အတိုင်း ပြောပြလိုက်သည်အထိပင်။

သူတို့လမ်းမကြီးကို ရောက်ချိန်၌ ယန်ချုံး မော်ကြည့်လိုက်တာနဲ့ ကျိရှင်းလန် လျှောက်လာနေတာကို တွေ့လိုက်ရသည် ။

ယန်ချုံး အံ့သြသွားခဲ့တယ် ။ ကျိရှင်းလန်က ဘာလို့ ပြန်လာမှန်း သူမသိဘူး၊ ဒါကြောင့် ကျိရှင်းလန်ကို သူ့မျက်လုံးတွေကနေ အချက်ပြပြီး မြန်မြန်ထွက်သွားဖို့ သူ့ကိုတိုက်တွန်းလိုက်တယ်။ သူ့သတင်းစကားကို မမြင်ခဲ့သလိုပဲ ကျိရှင်းလန်က ယန်ချုံးဆီကို တိုက်ရိုက်လာခဲ့တယ် ။

"မစ္စတာ ရန် " ကျိရှင်းလန်က လူအိုကြီးရန်ကိုတောင် နှုတ်ဆက်လိုက်သေးတယ် ။

"သခင်လေးကျိ " မစ္စတာရန်က ကျိရှင်းလန်ကိုရှင်းရှင်းလင်းလင်း သိသည်။ "မင်းဘာလို့ မပြန်သေးတာလဲ? ညတော်တော်နက်နေပြီ "

ကျိရှင်းလန်က ယဉ်ယဉ်ကျေးကျေး ပြန်ပြောလာတယ် "ကျွန်တော် ရှောင်ချုံး ကိုရှာဖို့ဒီကိုလာခဲ့တာ"

မစ္စတာရန်က သူ့ဘေးနားက Omegaကို ကြည့်ပြီးခေါင်းညိတ်လိုက်မိကာ ရုတ်တရက် သဘောပေါက်သွားသည်။

ထိုအချိန်မှသာ သူနားလည်ခဲ့တယ်။ သခင်လေးကျိက လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူ့ကိုနှုတ်ဆက်ပြီး သူ့သွေးဝေးဝမ်းကွဲဖြစ်တဲ့ Omegaကိုဂရုစိုက်ပေးဖို့ သူ့ကိုတောင်းဆိုခဲ့သည်။ ရှောင်ချုံးက သွေးဝေး ဝမ်းကွဲဖြစ်သည်။ မာရှယ်ကျိရဲ့ သားက သူ့ကို တောင်းဆိုတာကြောင့် သူကတောင်းဆိုချက်ကို ဂရုမစိုက်ဘဲ မနေရဲပေ။

မစ္စတာရန်က ယန်ချုံးကို နောက်တစ်ကြိမ် ထပ်ကြည့်လိုက်သည် ။ သခင်လေးကျိလို တူညီစွာနဲ့ သွေးဝေးဝမ်ကွဲဖြစ်တဲ့ ရှောင်ချုံးလည်း အရမ်းကြည့်ကောင်းတယ်။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Where stories live. Discover now