2. pheromones တားဆီးတဲ့လည်ပတ်က ဘယ်မှာလဲ ?

2.9K 376 2
                                    

Unicode

pheromones တားဆီးတဲ့လည်ပတ်က ဘယ်မှာလဲ ?

ကျိရှင်းလန် မျက်လုံးထဲက အထင်သေးမှုတွေကြောင့် ယန်ချုံးရဲ့ ကိုယ့်ကိုယ်ကိုလေးစားမှုသည် ဝေဖန်ထိုးနှက်မှုအကြိမ် ၁၀၀ ခံရသည်။ ယန်ချုံးက သူ့ဘောင်းဘီကို အမြန်ဝတ်လိုက်ပြီး သူ့အရင်ဘဝလေးပြန်ရောက်သွားဖို့ ဆုတောင်းနေမိသည် ။ ခဏအကြာ ယန်ချုံး မော့ကြည့်လိုက်ချိန် သူ့ရှေ့ကပိတ်ထားသောတံခါးကိုသာ တွေ့လိုက်ရသည်။

ဒါပေမယ့် ကျိရှင်းလန်က တံခါးကိုလုံးဝမပိတ်ခင် သူက "အဝတ်အစားလဲပြီး ငါ့စာကြည့်ခန်းကိုလာခဲ့" ဟုပြောခဲ့သည်။

ယန်ချုံးက သူ့အဝတ်အစားတွေကို သေချာဝတ်ပြီး တိတ်တဆိတ် ကျိန်ဆဲလိုက်သည်။ ဒါကမှ သူတကယ်သိတဲ့ ကျိရှင်းလန်ဘဲ ။ အဲဒါကဘယ်လိုစကားမျိုးလဲ ? သူကသာ တစ်စုံတစ်ခုကို ဆုံးရှုံးလိုက်ရသလိုဘဲ ?

တံခါးနားက ဖိနပ်ဗီဒိုထဲမှာ ဖိနပ်တစ်ရံရှိတယ်၊ ဒါတွေအားလုံးက ချစ်စရာပုံစံတွေဘဲ။ သူကသူတို့ထဲက တစ်ခုမှ မဝတ်ချင်ဘူး။ ယန်ချုံးက ရုန်းကန်နေခဲ့ပြီး နောက်ဆုံးတွင် ပန်းရောင်ယုန်ဖိနပ်တစ်စုံကို ဝတ်ပြီး တံခါးမှထွက်လာခဲ့သည်။ သူခြေလှမ်းတိုင်းမှာ ချစ်စရာကောင်းတဲ့ယုန်နားရွက်က ကွင်းထိုးဖိနပ်ပေါ်မှာလှုပ်နေခဲ့တယ်။ သေစမ်း ! ပန်းရောင်ယုန်ဖိနပ်တစ်ရံကို ဒီကျောင်းလူဆိုးလေးက ဝတ်နေရတယ်ပေါ့လေ ဒါကြီးက ဘဲလေးကတဲ့အဝတ်အစားကို ဝတ်ပြီး Swan Lake ကခုန်နေတဲ့ ရုရှားလူကြီးတစ်ယောက်လိုဘဲ ။

သူ၏ခန့်မှန်းချက်မှန်သာလျှင် ဤသည်ကနာမည်ကျော် ဟိုင်ချန် အလယ်ပိုင်းခရိုင်ဖြစ်သည်။ ဤမြို့လယ်ရှိမြေသည် အလွန်အဖိုးတန်သည်။ မြို့လယ်ရှိအိမ်ကြီးတစ်လုံးကို ဝယ်ရန်ငွေကြေးတတ်နိုင်သူများသည်ချမ်းသာရုံသာမက၊ သူတို့က အလွန်ချမ်းသာကြွယ်ဝတဲ့သူတွေဘဲ ။

သူ့ညီအစ်ကိုများက အရက်သောက်ပြီး ဝါကြွားခဲ့ကြသည်။ သူတို့အားလုံးဘွဲ့ရတုန်းက အလယ်ပိုင်း ဗီလာ ဧရိယာမှာ suites ဘယ်လို ဝယ်မယ်ဆိုတာကိုကြွားလုံးထုတ်ရတာ ကြိုက်ကြတယ်။ ယန်ချုံးက အိမ်အတွင်းပိုင်းကို ချောင်းကြည့်ပြီး ကျိရှင်းလန်က တကယ်ချမ်းသာတာဘဲလို့ တွေးခဲ့တယ် ။

Omega အဖြစ်ကူးပြောင်းပြီးနောက် ကျွန်တော့် ရန်သူရဲ့အမှတ်အသားပေးတာကိုခံလိုက်ရတယ် Waar verhalen tot leven komen. Ontdek het nu