Ch-60

1K 87 3
                                    


Unicode
...






Zawgyi

အပိုင်း(၆၀)ပြဿနာဖြစ်ခြင်း
......
ပထမလ၏ရှစ်ရက်မြောက်နေ့တွင် တော်ဝင်တရားရုံးတော်က တစ်ဖန်ပြန်ဖွင့်လာ၏။မြို့တော်ကို ဖြတ်သွားဖြတ်လာလုပ်နေသော ရထားလုံးများနှင့်ဝေါယာဉ်များသည်ပင် လျော့နည်းသွားရကာ မူးယစ်ဆေးရောင်းသူများကပဲ လမ်းကိုနေရာယူထားကြသည်။

တော်ဝင်တရားရုံးတော်ပြန်ဖွင့်လှစ်သည်နှင့် ကြီးမားသည့်ကိစ္စတစ်ခုလည်း ထွက်ပေါ်လာသည်။ရွေ့မင်းသားက ကျန်းနန်ရှိ ဆားအုပ်ချုပ်ရေးနှင့်လောင်းကစားကိစ္စအတွက် ချေးငွေပြုလုပ်ခဲ့ကြောင်းကို အရာရှိတစ်ယောက်က စွပ်စွဲလာ၏။

ထိုအကြောင်းထွက်ပေါ်လာခြင်းက ကြီးမားသောလှိုင်းဂယက်ကိုဖြစ်ပေါ်စေကာ တတိယမြောက်ရက်တွင်ပို၍ကြီးမားလာပြီး ထိုအရာရှိကပင် ရွေ့မင်းသားကလိပ်ပြာမလုံဘဲ သူ့မိသားစုကိုခြိမ်းခြောက်လာသည်ဟု ထပ်မံစွပ်စွဲပြန်သည်။ထို့နောက် သူကညီလာခံတစ်ခုလုံး၏အရှေ့၌ပင် သူ့ကိုယ်သူ ရွှေနဂါးတိုင်လုံးနှင့်ခေါင်းဆောင့်လိုက်ကာ သတ်သေလိုက်တော့၏။

ဤဖြစ်ရပ်က ဆီပူအိုးထဲသို့ရေလောင်းထည့်လိုက်သည်နှင့်အတူတူပင်ဖြစ်ကာ ကျင်းမြို့တော်တစ်ခုလုံးကို တုန်လှုပ်သွားစေ၏။ဧကရာဇ်ကအလွန်စိတ်ဆိုးနေပြီး ညီလာခံတက်ရမည်ကိုတောင်စိတ်မပါဖြစ်နေသည်။အချိန်တစ်ခုအထိတော့ ကျင်းမြို့တော်ရှိလူများသည် ထိုကိစ္စထဲပါသွားမည်ကို စိုးရိမ်ကြသောကြောင့် ကိုယ့်ကိုယ်ကိုကာကွယ်နေကြရ၏။

သွမ့်မင်းသားစံအိမ်တော်တွင်ဖြစ်သည်။

ချီချင်းရီက များပြားလာသောတွေ့ဆုံလွှာတို့ကို လှန်လှောကြည့်နေကာ မျက်မှောင်ကြုံ့လိုက်ပြီးအမိန့်ပေးလာ၏။

"နောက်ကျတစ်ယောက်ယောက် ငါ့ကိုတွေ့ချင်ရင် ငါဖျားနေတယ်လို့သာပြောလိုက်။ဝမ်ရယ်ကလည်းသူ့တာဝန်ကြောင့် အလုပ်များနေတာမို့ စံအိမ်တော်မှာမရှိဘူး။ ဒါကြောင့်မို့ ဧည့်သည်လက်မခံဘူးလို့ပြန်ဖြေလိုက်ကြ"

ဤအချိန်တွင် ဟယ့်ချီကဟယ့်ယွမ်နှင့်ပြဿနာဖြစ်နေလေရာ သွမ့်မင်းသားစံအိမ်တော်က ပါဝင်ရန်မလိုအပ်ပေ။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now