Ep-31,32,33,34

1.2K 142 11
                                    

Unicode

အပိုင်း(၃၁)ကလူမြှူသောအပြုံး
....

ချီချင်းရီစာကြည့်ဆောင်မှထွက်လာသည့်အခါ အချိန်တစ်နာရီကျော်မျှ ကြာညောင်းသွားပြီဖြစ်၏။ ချီချင်းရီကအနည်းငယ်ရွဲ့စောင်းနေသော ဆံထိုးကိုပြင်ဆင်လိုက်ပြီး အနောက်ဘက်မိုးကုတ်စက်ဝိုင်းသို့ ယွန်းနေပြီဖြစ်သောနေမင်းကြီးကိုမျက်လုံးမှေးကာ ပြုံးရွှင်စွာကြည့်လိုက်သည်။သူမအနောက်သို့ပြန်လှည့်ကြည့်အခါ ဟယ့်ဟန်၏အရိပ်ကစားပွဲဘေး၌ ရပ်နေသည်ကို တွေ့လိုက်ရ၏။

အမှောင်ထဲကလူနှင့် အလင်းထဲကလူ။

ထိုလူနှစ်ယောက်သည် တစ်ယောက်နှင့်တစ်ယောက် ထူးကဲလှသော တောက်ပြောင်မှုတို့ကို အမြဲရှာတွေ့နိုင်လိမ့်မည်။ ဟယ့်ဟန်ခေါင်းမော့လိုက်သည့်အခါ သူအပြုံးတစ်ခုကိုမြင်လိုက်သည်နှင့်တူ၏။ သူ့မျက်ဝန်းတို့ကကျိန်းစက်သွားသလို ခံစားလိုက်ရသည်။

မမျှော်လင့်စွာပင် အံ့ဩစရာကောင်းလောက်သော ခံစားချက်တို့ကမြှင့်တက်လာ၏။'မိန်းမလှလေးကအခြားသူ၏နှလုံးသားကို ကလူမြှူသောအပြုံးဖြင့်အရည်ပျော်စေသည်'ဟူသောစကားကို သူနားလည်စပြုလာပြီဖြစ်သည်။

"ဝမ်ဖေး"
ယွီကျန်းကအရှေ့သို့တက်လာပြီး ချီချင်းရီကိုခြုံထည်လွှားပေးလိုက်သည်။သူမက ခြုံထည်ကိုမြဲမြံအောင်ပြင်ဆင်ရန် အနည်းငယ်ကုန်းလိုက်၏။

"အပြင်မှာအေးတာမို့ ဝမ်ဖေးခန္ဓာကိုယ်ကိုဂရုစိုက်သင့်ပါတယ်"
ယွီကျန်းပြင်ဆင်ရလွယ်ကူစေရန် သူမမေးကိုအနည်းငယ်မော့ထားပေးလိုက်သည်။ချီချင်းရီက ရယ်မောလိုက်ပြီး

"မင်းတို့ကလေးမတွေငါ့ကိုကြွေရုပ်ကလေးများ မှတ်နေတာလား"

"ဝမ်ဖေးက လတ်တလောကမှဖျားထားတာလေ။ ဒီအစေခံနဲ့အခြားသူတွေက စိတ်ပူခဲ့ရတာ။ အခုအားလုံးကောင်းသွားပြီဆိုပေမဲ့လည်း ဂရုစိုက်ရဦးမှာပါ"ယွီကျန်းကခြုံလွှာ၏ကြိုးကိုချည်လိုက်ပြီး ပြုံးပြလိုက်သည်။ထို့နောက် ချီချင်းရီဘေးသို့သွားကာလက်ကိုကိုင်ခိုင်း၏။

ချီချင်းရီကပျော်ရွှင်စွာခေါင်းငြိမ့်လိုက်ပြီး ကျောက်တုံးလှေကားထစ်အတိုင်း တက်သွားတော့သည်။"ငါအခုမှသတိရတယ်။ အိတ်ကိုပန်းထိုးတာ မပြီးသေးဘူးပဲ။ပြန်ကြတာပေါ့"

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Tempat cerita menjadi hidup. Temukan sekarang