Ep-41 Uni

941 129 0
                                    

အပိုင်း(၄၁)တစ်စိတ်တစ်ပိုင်းဖြစ်ရန်
....

နန်းတော်ညစာစားပွဲသည် ညအချိန်မှဖြစ်သော်လည်း ဟယ့်ဟန်နှင့်ချီချင်းရီက ဧကရာဇ်နှင့်ဧကရီအား နှုတ်ဆက်ဂါရဝပြုရမည်ဖြစ်သည့်အတွက် အစောကြီးရောက်လာကြ၏။

တော်ဝင်အကြင်လင်မယား၏ဆက်ဆံရေးက အထူးမကောင်းမွန်သော်လည်း ယနေ့တွင်တော့သူတို့ကအတူတူထိုင်နေကြသည်။ ဟယ့်ဟန်နှင့်ချီချင်းရီက ဧကရာဇ်နေထိုင်သော ထျန်းချီနန်းတော်သို့အလည်သွားရောက်၏။ ကုန်းကုန်းကသူတို့ကို အထဲဝင်လာဖို့ကြိုဆိုလိုက်ပြီး သူတို့ဝင်သွားသည့်အခါ ဟယ့်ချီနှင့်ဝေ့ချင်း အဲ့တို့ဇနီးမောင်နှံကရောက်နှင့်နေပြီဖြစ်သည်။

ဟယ့်ဟန်က ရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်ပြီး ချီချင်းရီကိုဆွဲလိုက်ကာ ဧကရာဇ်နှင့်ဧကရီအားဂါရဝပြုလိုက်၏။

"သားတော်နဲ့ဝမ်ဖေးက ခမည်းတော်နဲ့မယ်တော်ကြီး နှစ်သစ်မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးပါတယ်"

ထို့နောက် သူက စန္ဒကူးသေတ္တာတစ်လုံးကို ဆက်သလိုက်၏။"အဲ့ဒီ ကြယ်သုံးလုံးဖြစ်တဲ့ကံကောင်းခြင်း၊ကံကြမ္မာဆိုးကင်းဝေးခြင်းနဲ့အသက်ရှည်စေခြင်းတို့က ခမည်းတော်ကို အမြဲတမ်းအဖော်ပြုနေပေးပြီး လောကကြီးအတွက်လည်း ကောင်းကျိုးပြုစေမှာပါ"

ဧကရာဇ်ချင်းတက စန္ဒကူးသေတ္တာအားယူလိုက်ပြီးနောက် ထွင်းလုပ်ထားသောသေတ္တာထဲမှ ကြယ်သုံးလုံးကိုမြင်လိုက်ရ၏။ ဧကရာဇ်ကပြုံးလိုက်ပြီး စကားစလာသည်။

"ဟန်အာနဲ့ချွေးမတော် ထကြပါ"

လူတစ်ယောက်အိုမင်းလာသည့်အခါ အလိုချင်ဆုံးဆန္ဒမှာ ကံကောင်းမှုနှင့်အသက်ရှည်ခြင်းပင်ဖြစ်သည်။ဤ "ကံကြမ္မာဆိုးကင်းဝေးခြင်း" တွင် အဓိပ္ပါယ်နောက်တစ်ခုရှိနေသေး၏။ထို့ကြောင့် ဧကရာဇ်ချင်းတ၏အပြုံးက အနည်းငယ်မျှနူးညံ့သွားရပြီး

"မင်းတို့နှစ်ယောက်လုံး ထိုင်ကြလေ"
ဧကရာဇ်ကကုန်းကုန်းကို ထိုင်ခုံယူလာရန် အမိန့်ပေးလိုက်၏။

ဤသည်ကချီချင်းရီအတွက် ဧကရာဇ်ကိုပထမဆုံးတွေ့ဖူးခြင်းပင်ဖြစ်သည်။သူမကထိုင်ခုံပေါ်ထိုင်ရန် လှုပ်ရှားမှုပြုလုပ်လိုက်ပြီး ဧကရာဇ်ကိုတစ်ချက်ချောင်းကြည့်လိုက်သေး၏။ဧကရာဇ်၏ ရုပ်ရည်သွင်ပြင်က သူ့သားတော်များနှင့်ယှဉ်လိုက်လျှင် ပို၍အိုစာနေပြီး သူ့ခန္ဓာကိုယ်သည်လည်းပျော့ပြီး လေးတွဲ့နေသည်။သူ့မျက်ခုံးကြားတွင်ပင်ပန်းမှုနှင့်အသက်အရွယ်ကြီးရင့်မှုတို့က အထင်သားပေါ်နေ၏။ သူ့သားတော်များတွင် အခြားအကြံအစည်များရှိနေသည်မှာ အံ့ဩစရာမဟုတ်တော့ပေ။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now