Ep-45

822 114 0
                                    

Unicode

အပိုင်း(၄၅)ယွင်ချင်း၏ပရိယာယ်ဗျူဟာ
....

ဆယ့်နှစ်လ၏နှစ်ဆယ့်ရှစ်ရက်မြောက်တွင် တော်ဝင်တရားရုံးတော်က စာအိတ်ကိုချိတ်ပိတ်လိုက်ပြီး နန်းတော်သည်လည်း အိမ်ထောင်စုများအတွက် လက်ဆောင်များ စတင်ပေးအပ်တော့သည်။

လက်ဆောင်ပေးအပ်ခံရခြင်းသူများမှာ ကျင်းမြို့တော်အတွင်းရှိထင်ရှားကျော်ကြားသော မြင့်မြတ်သည့်အထက်တန်းလွှာမိသားစုများ ဖြစ်ကြ၏။ထို့အနေနှင့်လက်ဆောင်ရခြင်း မရခြင်းသည် ဧကရာဇ်၏အရေးပေးမှုနှင့်သာသက်ဆိုင်ချေသည်။

ရာထူးနိမ့်သောအရာရှိများသည် အထက်သို့တက်လှမ်းချင်လေသောကြောင့် ဘယ်အိမ်ကိုမျက်နှာလုပ်ရမည် ဘယ်အိမ်ကိုတော့မိသားစုဝင်ဖြစ်အောင်လုပ်ရမည် စသည်ဖြင့်သူတို့၏မျက်လုံးများကို ထိုကိစ္စအတွက်သာအသုံးပြုဖို့ ထားထားနေရသည်။

ချီချင်းရီကဟယ့်ဟန်နောက်မှလိုက်လာပြီး စံအိမ်တော်အရှေ့၌ ဒူးထောက်လိုက်ကာ ဧကရာဇ်၏လက်ဆောင်ကိုလာရောက်လက်ခံလေ၏။ထိုလက်ဆောင်က ဧကရာဇ်ကိုယ်တော်တိုင် ရေးစပ်ထားသည့် နွေဦးပွဲတော်အတွက်အဆုံးကာရန်တူညီသည့် နှစ်ကြောင်းကဗျာဖြစ်ချေသည်။

အနီရောင်စာရွက်ပေါ်တွင် ရွှေရောင်စာလုံးဖြင့်ရေးသားထားပြီး အနားသတ်တွင်တော့ ပန်းပွင့်များပါရှိလေ၏။ ချီချင်းရီ၏ ကျွမ်းကျင်မှုမရှိသောထင်မြင်ချက်အရ စာလုံးတို့သည်စုတ်ချက်များအလွန်လှပပြီး ချင်းတဧကရာဇ်၏ပင်ကိုယ်စရိုက်က ရဲရင့်ခြင်းထက် နူးညံ့သည်မှာအမှန်ဖြစ်ကြောင်း ဖော်ပြနေသည်ဟု ထင်မြင်မိသည်။

လက်မအရွယ်လောက်သာရှိသော လိမ္မော်သီးသေးသေးလေးကိုအခွံခွာလိုက်ပြီး ချီချင်းရီကတစ်ဝက်ကိုသူမပါးစပ်ထဲထည့်လိုက်ကာ နောက်တစ်ဝက်ကိုဟယ့်ဟန်အားခွံ့ကျွေးလိုက်၏။သူမက ခေါင်းတငြိမ့်ငြိမ့်ပြုလိုက်ပြီးမှတ်ချက်ပေးလာသည်။

"ကောင်းလိုက်တဲ့စာလုံးတွေ။
ဲပြီးတော့ ဒီလိမ္မော်သီးလေးတွေလည်း ချိုတယ်"

ဟယ့်ဟန်က ချီချင်းရီ၏ပျော်ရွှင်ကျေနပ်နေသောအမူအရာကို ကြည့်လိုက်ကာတစ်ချက်ပြုံးလိုက်ပြီး ကဗျာစာရွက်ကိုချထားလိုက်သည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now