Ep-39 Uni

929 80 2
                                    

အပိုင်း(၃၉)လူတွေကလည်းမတူဘူး၊
လမ်းတွေကလည်းမတူဘူး
.....

စကားဝိုင်းက အဝတ်အစားနှင့်အဆင်တန်ဆာအကြောင်း ရောက်သွားသည့်အခါမိန်းမတို့တွင် ပြောစရာစကားအများကြီး ရှိလာချေသည်။ အဘယ်နေရာကမျက်နှာချေမှုန့်ရှိပြီး၊အဘယ်နေရာကတော့ လှပသောဆံထိုးများထုတ်လုပ်သည်၊ အဘယ်နေရာသည်တော့ ပန်းထိုးလက်ရာအကောင်းဆုံးဖြစ်သည်ဟူ၍ အကျဉ်းချုပ်လိုက်ပါလျှင် ပြောမဆုံးဖြစ်နေတော့၏။

ယခုလက်ရှိ ဝမ်ဖေးသုံးယောက်၏ဝတ်ပုံစားပုံသည်လည်း ကွဲပြားကြသည်။ နဉ်ဝမ်ဖေးကဂုဏ်သရေရှိပြီး အိန္ဒြေကြီးမားသောပုံစံဝတ်ဆင်ထား၏။ အဝါရောင်ငန်းပန်းထိုးထားသည့်ဝတ်ရုံကအပေါ်မှ အဖြူရောင်ဝတ်ရုံရှည်ဖြင့် လွှမ်းခြုံထားသည်။ဆံပင်မူယွမ်ပေါင်းပုံစံထုံးဖွဲ့ထားပြီး ခေါင်းအဆင်တန်ဆာ တစ်ခုလုံးကိုဆင်ယင်ထား၏။

သူမကဂုဏ်သရေရှိပြီး မြင့်မြတ်သည့်ပုံစံဖြစ်သည်။ ရွေ့ဝမ်ဖေးက ဝတ်ရုံရှည်မဝတ်ထားသော်လည်း ငွေရောင်ကြွက်မွေးအနွေးထည်ကိုဝတ်ဆင်ထား၏။ သူမကဆံပင်ကိုထုံးဖွဲ့ပြီး တစ်ဖက်သို့ချထားသည်မှာ ပညာရှင်တစ်ယောက်ကဲ့သို့ပင် လှပပြီး ကျက်သရေရှိလှသည်။

ချီချင်းရီ၏သွင်ပြင်က သုံးယောက်ထဲတွင်အလှပဆုံးဖြစ်သည်။သူမကနဉ်ဝမ်ဖေးကဲ့သို့ ဂုဏ်သရေရှိစွာမဝတ်ထားသည့်အပြင် ရွေ့ဝမ်ဖေးကဲ့သို့ ပညာရှင်တစ်ယောက်ပုံစံလည်း မပေါက်ပါချေ။ယခုလက်ရှိ မိန်းမများတွေးနေကြသည်မှာ သူမက ရင်သပ်ရှုမောဖွယ် လှပသည်ဟုပင်ဖြစ်၏။

သွမ့်ဝမ်ရယ်ကသူမကိုယ်စား ချန်တကုန်းစံအိမ်တော်ကို ဒေါသထွက်ခဲ့သည်မှာ အထူးအဆန်းမဟုတ်တော့။ အသစ်စက်စက်လက်ထပ်ထားသည့်ဇနီးသည်က ဤမျှလောက်ထိလှပနေပါလျှင် အဘယ်ယောက်ျားက အလေးမထားဘဲနေပါမည်နည်း။

"ဒုတိယညီမလေး ဒီဝတ်စုံရဲ့အနားသတ်တွေမှာ ပန်းထိုးထားတဲ့ လိပ်ပြာတွေနဲ့ပျိုနီပန်းတွေကသိပ်လှတာပဲ"

ဝေ့ချင်းအဲ့၏မျက်လုံးတို့က ဝတ်ရုံရှည်အောက်မှပေါ်နေသော ချီချင်းရီဝတ်စုံအနားသတ်ထံရောက်သွား၏။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now