Ch-12🚨🚨

4K 354 7
                                    

Unicode

18+အကြောင်းရာများပါဝင်သောကြောင့် အသက်မပြည့်သေးသူများနှင့် မဖတ်လိုသူများကျော်သွားနိုင်ပါတယ်

အပိုင်း-၁၂
...

မင်ဟယ်က မူကျင်း၏ဘာအပိုစကားမှမဆိုသည့်အပြင် စကားတောင်ထပ်မဟလာသည်ကိုတွေ့သော် ဝမ်ဖေးရဲ့ယနေ့အပြုအမူကို တွေးမိသွားသည်။

ဝမ်ဖေးကမလှုပ်လျှင်လည်း ရေကဲ့သို့ငြိမ်နေပြီး လှုပ်လိုက်သည်နှင့်မုန်တိုင်းထန်သည်အထိ ပြင်းလွန်းသည်။ရိုးရှင်းသောအနီရောင်ဝတ်စုံနှင့် မည်းနက်နေသောဆံကေသာဖြစ်သော်လည်း ပြောမထွက်နိုင်လောက်သည့်ဆွဲဆောင်မှုရှိနေသည်မှာ အဘယ်ကြောင့်နည်း။

သူ့မေးစေ့ကို ကြမ်းကြမ်းတမ်းတမ်းပွတ်ဆွဲလိုက်ပြီး မင်ဟယ်သည် ထောင့်စွန်း၌သာတိတ်ဆိတ်စွာရပ်နေကာ အခန်းတွင်းရှိ လှုပ်ရှားမှုတို့ကိုအာရုံစိုက်နေရင်း သူ့သခင်၏အမိန့်ကိုမကြားလိုက်မည်ကို စိုးရွံ့နေသည်။တစ်စုံတစ်ယောက်ကသူ့ယခုအခြေအနေအား ခိုးယူသွားလိမ့်မည်။

......

အခန်းအတွင်း၌ဟယ့်ဟန်နှင့်ချီချင်းရီ၏ လှုပ်ရှားမှုတို့သည် အိပ်ရာထက်သို့ပင်ရောက်သွား၏။နှစ်ယောက်လုံး၏အဝတ်အစားတို့ကတော့မသေမသပ်ဖြစ်နေကာ တစ်ယောက်က အားကောင်းမောင်းသန်နှင့် နောက်တစ်ယောက်မူ ညှို့ယူဆွဲဆောင်နေသည့်မျက်ဝန်းတို့ဖြစ်နေပြီး နောက်ဆုံးအဆင့်သာကျန်ရစ်တော့သည်။

"ဝမ်ဖေးက အရမ်းအရသာရှိတာပဲ"

ဟယ့်ဟန်က ချီချင်းရီ၏နားထဲသို့လေမှုတ်ထုတ်လိုက်ပြီး သူ့အသံက ပိုမိုကြမ်းရှလာရ၏။သူ့လျှာဖျားက ကျော့ရှင်းသောလည်ပင်းကိုအရသာခံလိုက်ပြီး သူ့အောက်ရှိမိန်းကလေးကို ကျေနပ်မှုကြောင့် အနည်းငယ်တုန်ယင်သွားသည်အထိ ကောင်းစွာလုပ်ဆောင်ပေးနိုင်လိုက်သည်။

ချီချင်းရီကတုံ့ပြန်သည့်အနေနှင့် ဟယ့်ဟန်၏လည်ပင်းကို လက်မောင်းဖြင့်တွဲခိုထားပြီး သူမ၏ခြေထောက်တို့ကဟယ့်ဟန်၏ခြေထောက်အပေသို့ အနည်းငယ်လျောဆင်းသွားသည်။

"ဝမ်ရယ်ကမျက်လုံးအတွက် အားဖြစ်စေတဲ့အစာပဲ"
ဘုရားသခင်ဤယောက်ျားက ကလူကျီစယ်သည့်နေရာ၌ အလွန်အရည်အချင်းရှိသည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now