Ep-54

811 171 9
                                    

Unicode
....
အခန်း-၅၄
....
နန်းတော်၌ ညအချိန်သတ်မှတ်ချိန်အတွင်းအပြင်မထွက်ရအမိန့် မရှိသည့်ညက အလွန်ရှားပါးလှသည်။ ဟယ့်မင်သည် အန်းကွေ့ဖဉ်ထံသို့မသွားခင် အခြားသူများအားလုံးထွက်သွားပြီးသည်အထိ စောင့်နေလိုက်၏။

အန်းကွေ့ဖဉ်၏နန်းတော်က သိပ်မကြီးမားလှပါချေ။ ပရိဘောဂတို့က လက်ရာမမြောက်လှသော်လည်း သူမက ဧကရာဇ်သားတော်ကိုမွေးဖွားပေးခဲ့သည့်အတွက် အိမ်ထောင်ရေးရာဌာနသည်လည်း ပေါ့ပေါ့တန်တန်မလုပ်ရဲကြပေ။ အလေးပေးခြင်းမခံရသည့် ကြင်ယာတော်များနှင့်ယှဉ်လျှင် သူမ၏နေ့ရက်တိုင်းကကောင်းမွန်နေပြီး လိုအပ်သည်များလည်း မည်သည့်အခါမှ ပြတ်လပ်ခြင်းမရှိပါချေ။

သားအမိက အခြားသူများသံသယဝင်မည်ကိုစိုးရိမ်သည့်အတွက် အတူတကွ အချိန်အကြာကြီးမဖြုန်းရဲပေ။ ယနေ့ တွေ့ဆုံသည့်အခါ သူတို့စကားအများကြီးပြောဖြစ်ကြသည်။အန်းကွေ့ဖဉ်သည် စားသောက်ပွဲပြီးနောက် ဖြစ်ပျက်သည့်ကိစ္စတို့ကို သားဖြစ်သူပြန်ပြောပြလာသည်အား ကြားသည့်အခါ ရယ်မိလိုက်သည်။

"သူတို့ဘာလုပ်လုပ် ငါတို့ရဲ့အလုပ်မှမဟုတ်တာကွယ်။
နဉ်မင်းသားရဲ့စကားကတော့..."

သူ့သား၏ မသိတုံးအမိုက်မဲခြင်းကိုမြင်သည့်အခါ သူမမျက်နှာထက်ရှိအပြုံးက တောက်ပလာရသည်။

"ပြက်လုံးတစ်ခုသာသာပါပဲ။
မင်းအများကြီး တွေးစရာမလိုပါဘူး"

သွမ့်မင်းသား၏ဇနီးက ထူးခြားသည့်အလှမျိုးပိုင်ဆိုင်ထားသည်။တော်ဝင်မိသားစုတွင် အချောအလှမိန်းမတို့က မရှားပါးသော်လည်း သွမ့်မင်းသားဇနီး၏အလှကတော့ ထိုထက်ပို၏။ နန်းတော်ထဲ၌နေထိုင်လာသည်မှာ ကြာနေပြီဖြစ်သော သူမအဖို့ ထိုကဲ့သို့သောမိန်းမလှလေးက ယောက်ျားများအတွက် ဆွဲဆောင်မှုရှိသည့်မိန်းကလေးမျိုးဖြစ်မှန်း သူမအလိုအလျောက်နားလည်နေပြီးသားပင်။

ဝမ်ဖေးတစ်ပါးအနေနှင့် ထိုကဲ့သို့အလှမျိုးရှိနေခြင်းက ဆုလာဘ်တစ်ခုလော ကျိန်စာလောကိုတော့ သူမမသိတော့ပေ။သွမ့်ဝမ်ဖေး၏ ကျင်းကွေ့ဖေးဘေး၌ ရိုကျိုးစွာလက်ဖက်ရည်သောက်နေပုံနှင့် မုန့်ချိုတို့ကိုစားနေပုံတို့အား သူမပြန်စဉ်းစားမိသော် ခေါင်းကိုအသာအယာခါလိုက်၏။ကျင်းကွေ့ဖေးက ရိုးရှင်းသည့်အမျိုးသမီးတစ်ယောက်မဟုတ်ချေ။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now