Ch-59

538 70 1
                                    

Unicode
...
အခန်း-၅၉

သွမ့်ဝမ်ဖေးက လော့မိသားစုမှမိန်းကလေးနှင့် အတူဝင်လာသည်ကို တချို့ကအစစ်အဆေးပြုနေကြကာ ထို့နောက်မှ  ဘာဖြစ်ပျက်ခဲ့သည်ကို နားလည်သွားရ၏။မည်သူကမှ ထိုအကြောင်းကို အကျယ်တဝင့်မပြောကြဘဲ တိုင်းပြည်အတွင်းရှိ ပွဲလမ်းသဘင်များအကြောင်းကိုသာ အချိန်ဖြုန်းရန်အတွက်သာ ပြောဆိုနေကြတော့သည်။

"နယ်မြေငါးခု ဘုန်းတော်ကြီးကျောင်းမှာ ကျွမ်းကျင်ပညာရှင်တစ်ယောက် ရောက်နေတယ်လို့ကျွန်မကြားခဲ့တယ်။သူက ဗေဒင်ဟောတဲ့နေရာမှာအရမ်းကျွမ်းကျင်တယ်တဲ့။ပန်းတွေပွင့်လာတဲ့အချိန်ကျရင် သွားဖို့အတွက်တောင်းဆိုလိုက်ပါဦးမယ်"

"နယ်မြေငါးခုဘုန်းတော်ကြီးကျောင်းက ကျင်းမြို့တော်ရဲ့ ဆင်ခြေဖုံးနေရာမှာရှိတာမဟုတ်ဘူးလား။ဘယ်အချိန်သွားမှာလဲ။အတူတူသွားကြရအောင်လေ"

ချီချင်းရီက ထိုစကားဝိုင်းကို ကြားသွားပြီး လက်ဖက်ရည်ခွက်ကိုချထားလိုက်သည်။တလုံမင်းဆက်တွင် လွှမ်းမိုးနေသည့်ဘာသာမှာဗုဒ္ဓဘာသာဖြစ်ပြီး ရုံးတော်က ဘာမှအထောက်အပံ့မပြုပေးသော်လည်း ပြည်သူတစ်ယောက်ချင်းစီထံတွင်တော့ သူတို့ယုံကြည်ရာရှိကြ၏။

သခင်မလော့က ချီချင်းရီ ထိုအကြောင်းစိတ်ဝင်စားနေသည့်ပုံပေါက်နေသည်ကို မြင်သည့်အခါ အသေးစိတ်ရှင်းပြလာသည်။

"နယ်မြေငါးခုဘုန်းတော်ကြီးကျောင်းက ကျင်းမြို့တော်မှာ အကြီးဆုံးကျောင်းတော်ပဲ။သူက ဆင်ခြေဖုံးဒေသရဲ့ ပိုင်ယွင်တောင်မှာရှိတာလေ။သူတို့ပြောနေတဲ့ ကျွမ်းကျင်ပညာရှင်ဆိုတာ စိတ်စွမ်းအင်ကျင့်ကြံသခင်ရွှမ်းလင်နဲ့ တူတယ်။မင်းစိတ်ဝင်စားရင် သွားလည်ကြည့်လို့ရတယ်"

ချီချင်းရီက ပြုံးလိုက်သည်။

"မလိုအပ်ပါဘူး။ လူတစ်ယောက်ရဲ့ကံကြမ္မာကိုကောင်းကင်ဘုံက သတ်မှတ်ထားပြီးသားပါ။ ဗေဒင်သွားမေးရင် ကံကောင်းမှုတွေ ယုတ်လျော့သွားမှာ စိုးရိမ်မိပါရဲ့"

သူမက ဘာသာမဲ့တစ်ယောက်မဟုတ်သော်လည်း တုတ်ချောင်းဗေဒင်သာသွားမေးလျှင် ကံကောင်းမှုများလျော့ကျသွားလိမ့်မည်ကိုတော့ ယုံကြည်နေသည်။ထို့ကြောင့် တုတ်ချောင်းဗေဒင်မေးရန် သူမလုံးလုံး စိတ်မဝင်စားပေ။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Wo Geschichten leben. Entdecke jetzt