Ch-13

2.1K 305 32
                                    

Unicode

အပိုင်း-၁၃ ချန်တကုန်းစံအိမ်တော်
...

နောက်တစ်ကြိမ် ဂါရဝပြုရမည့်နေ့က ရောက်လာခဲ့ပြီ။ကြင်ယာတော်နှင့်ကိုယ်လုပ်တော်တို့က စောစီးစွာရောက်လာကြပြီး မိဖုရားနန်းဆောင်၏ဧည့်ခန်းတွင် စောင့်ဆိုင်းနေကြသည်။ဤတစ်ကြိမ်တွင် သူတို့၏ကိုယ်အမူအရာက ပိုမိုရိုကျိုးနေသည့်အပြင် အစေခံတို့ကိုလည်း ယဉ်ယဉ်ကျေးကျေဆက်ဆံသေး၏။

ကျင်ကျန်းသည် အစေခံအချို့နှင့်ရောက်လာပြီး ကြင်ယာတော်တို့အတွက် လက်ဖက်ရည်ငှဲ့ပေး၏။ထို့နောက် ဘေးဘက်တွင် ငြိမ်သက်စွာသွားရပ်နေသည်။

"မိန်းကလေးကျင်ကျန်း ငါတို့ဒီနေ့အစောကြီးရောက်လာတာ ဝမ်ဖေးကိုအနှောင့်အယှက်မဖြစ်စေဘူးမလား"ဖုန်းဇီကျင်း၏မျက်နှာတွင် တောင်းပန်သည့်အရိပ်အယောင်တို့ ပေါ်လွင်နေပြီး အိပ်ခန်းအတွင်းဘက်သို့ ကြည့်လိုက်သေးသည်။

"ဝမ်ဖေးက လွန်ခဲ့တဲ့ရက်တွေမှာ အလုပ်တွေများထားတော့ ပင်ပန်းနေမှာပဲ"သူမက အရိုအသေပေးလိုက်သော်လည်း မျက်လုံးတို့ကတော့ လှောင်ရယ်နေသည့်အလားပင်။

သူမက သေချာပေါက်ကိုအလုပ်များရမည်။မောင်းမဆောင်အကုန်လုံးကို သူမ၏လက်အောက်သို့ရောက်အောင်စီမံနေသည့်အပြင် ဝမ်ရယ်ကိုလည်းသူအခန်းထဲ၌ ညတိုင်း နေအောင် စွမ်းဆောင်နိုင်သေးသည်။ဝမ်ဖေးကတော်သည်ဟု ပြောနိုင်၏။

"ကြင်ယာတော်ဖုန်းက ချဲ့ကားပြောနေပါပြီ။ စံအိမ်တော်က အခုတလော အလုပ်မများပါဘူး။ဝမ်ရယ်ကလည်း ဝမ်ဖေးကိုဂရုစိုက်တာကြောင့် ပင်ပန်းမှုတွေလည်းမရှိတာမို့ ကြင်ယာတော်ဖုန်းစိတ်မပူပါနဲ့ ဝမ်ဖေးကမကြာခင်ရောက်လာပါလိမ့်မယ်"

ဖုန်းဇီကျင်းသည် သူမ၏စကားပြန်လည်ချေပခံလိုက်ရမည်ကို မထင်ထားခဲ့ပါချေ။သူမက ခဏတုံ့ဆိုင်းနေပြီးနောက်
"ဝမ်ဖေးကျန်းမာရေးကောင်းတာက ငါတို့ညီအစ်မတွေအတွက် ကံကောင်းမှုပါ"

ချီချင်းရီ ဧည့်ခန်းတံခါးနားရောက်သော် ဖုန်းဇီကျင်း၏စကားကိုကြားလိုက်ရ၏။သူမကရယ်လိုက်ကာ အခန်းထဲဝင်လာသည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now