Ch-8

1.9K 260 10
                                    

Unicode

ငါကမိန်းမလှလေးတွေကို ကာကွယ်တဲ့သူ
......

ကျောက်စိမ်းတားမြစ်ဥယျာဉ်သည် စံအိမ်တော်၏အနောက်ဘက်တွင် တည်ရှိသည်။လူသူအသွားအလာကင်းမဲ့သော်လည်း  ပတ်ဝန်းကျင်က သပ်သပ်ရပ်ရပ်ရှိပြီးအေးချမ်းသည်။

ချီချင်းရီက သူမ၏အစေခံမုကျင်းလက်ကိုကိုင်၍ လခြမ်းပုံသဏ္ဍာန်တံခါးအား ဖြတ်သွားသည့်အခါ ထိုကျောက်စိမ်းတားမြစ်ဥယျာဉ်၏အဝင်ဝက သူမ၏အမြင်အာရုံကိုဖမ်းစားသွားတော့သည်။

ကျောက်စိမ်းတားမြစ်ဥယျာဉ်၏တံခါးစောင့်နှင့် တာဝန်ခံဖြစ်သည့် အစေခံအိုနှစ်ယောက်ကတံခါး၌ စောင့်ဆိုင်းနေသည်။ချီချင်းရီကိုမြင်သော် သူတို့သည်အပြုံးမျက်နှာဆင်မြန်းလျက် အလျင်အမြန်ရောက်လာကြ၏။

စားဖိုဆောင်၌ဖြစ်ပျက်သွားသောကိစ္စသည် စံအိမ်တော်တစ်ခုလုံးသို့ ပျံ့နှံ့နေပြီးသားဖြစ်၏။တခဏအတွင်းမှာပင် မည်သူကမှဝမ်ဖေးကို မရိုမသေမပြုရဲကြ။ ဝမ်ရယ်ကဝမ်ဖေးဘက်တွင်ရှိနေသည်ကို သူတို့မြင်တွေ့ခဲ့ကြသည်မဟုတ်ပါလား။သူတို့ကအစေခံများသာဖြစ်သည်။ထို့ကြောင့်သခင်ဖြစ်သူကို အပြစ်မပြုရဲပါချေ။

"ဒီအစေခံက ဝမ်ဖေးကိုဂါရဝပြုပါတယ်"

တာဝန်ခံဖြစ်သည့်အစေခံအိုက အရှေ့သို့ရောက်လာပြီး ရိုသေစွာဂါရဝပြုသည်။သူမက ဝမ်ဖေးရဲ့ပထမအစေခံကို ကပ်ဖားယက်ဖားနှင့်ကြည့်လိုက်ပြီး

"အစားအသောက်တွေ ပြင်ဆင်ထားပြီးပါပြီ။
ဝမ်ဖေးအထဲဝင်လာပြီး အနားယူလှည့်ပါ"

"မင်းတို့ကို အလုပ်မရှုပ်စေဘူးလို့ငါမျှော်လင့်ပါတယ်"
ချီချင်းရီကသူမ၏ဦးခေါင်းကို အနည်းငယ်စောင်းငဲ့လိုက်၏။

သူမကိုမျက်နှာချိုသွေးနေသော အစေခံအိုနှစ်ယောက်၏အပြုံးကိုလျစ်လျူရှုလိုက်ကာ ကျောက်စိမ်းတားမြစ်ဥယျာဉ်ထဲသို့ တင့်တယ်စွာနှင့်ဝင်သွားတော့သည်။

ဝမ်ဖေးက သူမတို့ကိုပျူငှါစွာဆက်ဆံသော်လည်း ဝမ်ဖေးကမြင့်မြတ်တော်ဝန်ဆန်ခြင်းတို့နှင့် ပြည့်လျှမ်းနေသောကြောင့် သူတို့ကိုယ်သူတို့ သေးငယ်သွားသယောင်ခံစားရ၏။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Unde poveștirile trăiesc. Descoperă acum