Ep20,21,22,23,24,25

1.7K 138 2
                                    

Unicode

အပိုင်း(၂၀)ပြိုင်ဘက်က ဝက်တစ်ကောင်လား
...

တလုံမင်းဆက်၏တော်ဝင်နန်းတော်သည် ယခင်မင်းဆက်များ၏ နန်းတော်ကိုအခြေခံပြီး ဆောက်လုပ်ထားခြင်းဖြစ်သည်။အစပိုင်းတွင်ဟယ့်မိသားစုသည် ယခင်မင်းဆက်တို့၏မတရားအုပ်စိုးမှုများကို တွန်းလှန်ဖယ်ရှားခဲ့ပြီး အခွင့်ထူးခံအဖြစ် သတ်မှတ်ခံရကာယခုထက်ထိလည်း ကျော်ကြားနေဆဲ မိသားစုအဖြစ်ရပ်တည်နေသေး၏။ထို့ကြောင့် သူတို့တော်ဝင်နန်းတော် တည်ဆောက်သည့်အခါရိုးရှင်းသော်လည်း ဂုဏ်ရောင်ကျက်သရေရှိသည့်ပုံစံအဖြစ် တည်ဆောက်ခဲ့သည်။

ချီချင်းရီသည် နန်းတော်မှအစေခံတို့၏ လမ်းညွှန်မှုနှင့် ရှေ့မှလျှောက်သွားသည်။သူမကခမ်းနားသော အဆောက်အဦးတို့ကို တစ်ခုပြီးတစ်ခုဖြတ်သွားရ၏။

ဤနန်းတော်ကိုတည်ထောင်ခဲ့သော ယခင်ဧကရာဇ်ကမည်မျှပင်ခြိုးခြံချွေတာခဲ့စေကာမူ ယခုဧကရာဇ်၏သာမန်ထက်လွန်ကဲသော တည်ဆောက်ပုံက ယခင်ဧကရာဇ်၏ ခမ်းနားထည်ခဲ့သော နန်းတော်နှင့် လုံးဝမတူညီပါချေ။ သို့သော်လည်း လှပသောအဝတ်အစား၊ အရသာရှိသောအစားအသောက်တို့နှင့် ပျော်စရာကောင်းသည့် ဖျော်ဖြေမှုတို့ကတော့များပြားနေတုန်းပင်ဖြစ်သည်။

"သွမ့်ဝမ်ဖေးကျေးဇူးပြု၍ ဒီဘက်လမ်းပါ"

လမ်းညွှန်ပြသောထိုအစေခံသည် နန်းတော်ထဲ၌အဆင့်တစ်ခုခုရှိမည့်အပြင် ကြင်ယာတော်ကျင်း၏လူတစ်ယောက်လည်းဖြစ်၏။ ဤနန်းတော်အစေခံ၏အပြုအမူတို့သည် တည်ငြိမ်သည့်ပုံစံရှိသော်လည်း သူတို့ရောက်လာသည့်အခါချက်ချင်းပင် နိမ့်ကျရိုကျိုးသော ပုံစံအဖြစ်သို့ချက်ချင်းပြောင်းလဲလိုက်သည်။

သေးနုပ်သောအစေခံအဖြစ်မှ ဤကဲ့သို့နေရာအထိရောက်လာရသည်မှာ သူမ၏ကျွမ်းကျင်လိမ္မာပြီးသိမြင်မှတ်သားတတ်သော မျက်ဝန်းအစုံကြောင့်ဖြစ်သည်။ ယနေ့သွမ့်ဝမ်ဖေးကို သူမမြင်လိုက်ရသည့်အခါ သွမ့်ဝမ်ဖေးကယခင်ကနှင့်မတူတော့သည်ကို သူမနားလည်သွားရ၏။

မည်ကဲ့သို့ပင်ကြင်ယာတော်ကျင်းက သွမ့်ဝမ်ဖေးကိုနှစ်သက်သော်ရှိမနှစ်သက်သော်ရှိ သူမကဲ့သို့အစေခံကသွမ့်ဝမ်ဖေးအား အပြစ်ပြုရဲသည်အထိသတ္တိမရှိပါချေ။ သူမကကျုံးကျင်းနန်းတော်၏ဝင်ပေါက်ထံသို့ ဂရုတစိုက်လမ်းပြပေးလိုက်ပြီးနောက် ကြင်ယာတော်ကျင်းနံဘေးတွင်ခစားရသော အထိန်းတော်တင်းက သူတို့ကိုအထဲသို့ခေါ်သွားတော့သည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now