Ep-48

705 68 2
                                    

Unicode

အခန်း-၄၈
.....
ချီချင်းရီကဝေ့ချင်းအဲ့နှင့်အတူ လမ်းလျှောက်နေ၏။စားသောက်ပွဲပြီးကတည်းက သူတို့တစ်ယောက်ကိုတစ်ယောက် ထပ်မတွေ့ကြရတော့ချေ။ ယခုအချိန်တွင်နှစ်ဦးလုံး၏ မျက်နှာ၌ နွေးထွေးသောအပြုံးကိုယ်စီ ရှိနေကြသည်။

"ဒုတိယညီမလေးအခုတလော ညီမလေးရဲ့ဘဝက ကောင်းမွန်နေပုံပဲ။စံအိမ်တော်မှာရိုင်းစိုင်းတဲ့သူတစ်ယောက်က ကျေးလက်ဒေသမှာ လက်ထပ်ခဲ့ရတယ်ဆိုပြီး လွန်ခဲ့တဲ့ရက်တွေက သတင်းကြားခဲ့တယ်"

ဝေ့ချင်းအဲ့က အပြုံးဖျော့ဖျော့နှင့် မေးလာ၏။
"အဲ့သတင်းကို တတိယညီမလေးဆီကနေကြားခဲ့တာ။
မှားသလား မှန်သလားတော့မသိပါဘူး"

"အသိဉာဏ်မဲ့တဲ့ အစေခံတစ်ယောက်သာသာပါ။ အစကတော့ သူ့ကို ဒီအတိုင်းအဝေးကိုပို့မလို့ပါပဲ။ ဒါပေမဲ့ သူက အရမ်းငယ်နေပြီးထောက်ပံ့မဲ့သူမရှိတာကို မကြည့်ရက်တဲ့အတွက် ကျွန်မက ဝမ်ရယ်ကိုသူ့အတွက်လက်တွဲဖော်ရှာပေးဖို့ တောင်းဆိုလိုက်တာပါ"

ချီချင်းရီက ပေါ့ပေါ့ပါးပါးသာပြုံးလိုက်ပြီး
"ဒီလိုကိစ္စသေးသေးလေးတွေကို တတိယညီမဘယ်လိုကြားခဲ့မှန်း သိချင်မိပါရဲ့"

"ဒုတိယညီမလေးက အရမ်းကြင်နာနေတာပဲ။ အဲ့လို နာမခံတတ်တဲ့အစေခံတွေကို ရောင်းပစ်လိုက်ရမှာ။သူတို့အတွက် တွေးပေးနေဖို့ကိုမလိုဘူး"

ဝေ့ချင်းအဲ့က နှုတ်ခမ်းကိုတွန့်ကွေးလိုက်ပြီး
"တတိယညီမလေး ဘယ်လိုသိသလဲဆိုတာကိုတော့ အစ်မလည်းမသိပါဘူး"

"ဒါက မပြောပြနိုင်တဲ့အထိတော့မဟုတ်ပါဘူး။ ဖြစ်နိုင်တာကတော့တတိယညီမလေးက ကျွန်မအတွက်စိတ်ပူလို့နေမှာပါ"

ချီချင်းရီက ပြုံးရင်းနှင့်ပင် နားရွက်ကိုပွတ်သပ်လိုက်သည်။သူမက ချိုမြသောအပြုံးကို ပြုံးလိုက်ကာ

"အဲ့ဒီလူကို တခြားနေရာပို့တာက ဝမ်ရယ်ရဲ့ဆန္ဒပါ။
ကျွန်မက အဆင်ပြေပါတယ်"

ဤသူမ၏အပြုံးက သူမ၏မျက်စိကိုကျိန်းစေသည်ဟု ဝေ့ချင်းအဲ့ခံစားလိုက်ရသည်။

သူမ၏ဝမ်ရယ်က သွမ့်ဝမ်ရယ်ကိုနှုတ်ဆက်နေသည်အား ကြည့်နေရင်း သူမကဝမ်းနည်းစွာပြောလာ၏။
"အစ်မအထင် ဒီနေရာမှာပဲ ညီမလေးနဲ့ခွဲရတော့မယ်ထင်တယ်။စားသောက်ပွဲကျမှ တွေ့ကြတာပေါ့"

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now