Ch-6

2.1K 223 2
                                    

Unicode

ကသိကအောက်ဖြစ်ခြင်း
...

နောက်တစ်နေ့သို့ရောက်လာခဲ့ပြီ။ ကြင်ယာတော်တို့သည် နာခံစွာပင် မိဖုရားနန်းဆောင်သို့အရိုအသေပေးရန် ရောက်လာကြသည်။ရလဒ်အနေနှင့်သူတို့ရောက်နေသည်မှာ ကြာပြီဖြစ်သော်လည်း ယခုထက်ထိတိုင် ဝမ်ဖေး၏မျက်နှာကို မမြင်ရသေးပါ။

ကြင်ယာတော်သုံးယောက်ကတော့ မည်သို့မှသဘောမထားဘဲ ထိုင်နေကြသော်လည်း ဖုန်းဇီကျင်း၏မျက်နှာပေါ်တွင်တော့ စိတ်မရှည်မှုတို့က ထင်ဟပ်နေ၏။သို့ပေမဲ့လည်း သူမ ပြန်ထွက်သွားဖို့တော့ မဝံ့ရဲပါ။

ကိုယ်တွင်းမှစိတ်မရှည်မှုတို့ကိုဖိနှိပ်ရန် လက်ဖက်ရည်တစ်ခွက်သောက်လိုက်ပြီး ဖုန်းဇီကျင်းကနောက်၌ရပ်နေသော သူမ၏အစေခံအား တိုးတိုးမေးလိုက်သည်။

"ချွန်းယွီ အခုဘယ်အချိန်လဲ"

ချွန်းယွီက အပြင်ဘက်သို့ကြည့်လိုက်သည်။နေကအတော်အတန်မြင့်နေပြီဖြစ်သည့်အလျောက် သူမက ပြန်လည်ဖြေကြား၏။

"သခင်မ အခုက ကိုးနာရီကျော်ပါပြီ"

ကျန်းယုံးယွီကဖုန်းဇီကျင်းနှင့်သူမအစေခံတို့၏ ကိုယ်ဟန်အမူအရာတို့ကို အေးစက်စွာကြည့်လိုက်သည်။ထို့နောက် စိတ်ခံစားချက်မရှိသောသစ်သားတုံးကဲ့သို့ပင် သူမ၏အကြည့်တို့ကိုဝတ်ဆင်ထားသောကြာပန်းရောင်ဝတ်ရုံထံသို့ ပို့လိုက်ပြီး ဝမ်ဖေးရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေလိုက်၏။

ဆယ့်ငါးမိနစ်အကြာတွင်တော့သူမတို့သည် ဝမ်ဖေး၏ ပထမအစေခံမုကျင်းက အားနာဟန်ရသောမျက်နှာနှင့် ဖြည်းညင်းစွာထွက်လာသည်ကိုမြင်လိုက်ရသည်။သူမက ကြင်ယာတော်လေးယောက်ကို အရိုအသေပေးလိုက်ကာ

"ကျေးဇူးပြု၍ ကြင်ယာတော်နဲ့ကိုယ်လုပ်တော်တို့ ပြန်သွားလို့ရပါပြီ။နေ့တိုင်း ဂါရဝပြုတာကဒုက္ခပေးသလိုဖြစ်နေတာမို့ သုံးရက်တစ်ကြိမ်ကလုံလောက်ပါပြီလို့ ဝမ်ဖေးကမိန့်ကြားလိုက်ပါတယ်"

"ဝမ်ဖေးက ထောက်ထားညှာတာလှပါတယ်"

သူမတို့ကပိုမိုကောင်းမွန်သောမနက်ခင်းကို မျှော်လင့်ထားသော်လည်း စကားအနည်းငယ်ကိုသာ လက်ခံရရှိခဲ့သည်။ကြင်ယာတော်လေးယောက်၏စိတ်ထဲတွင် ရှုပ်ထွေးပြီးကွဲပြားနေသော်လည်း သူတို့၏အမူအရာကတော့ အတူတူပင်ဖြစ်၏။ကြင်ယာတော်တစ်ပါးအနေနှင့်အကြီးဖြစ်သည့် ကျန်းယုံးယွီက ပြုံးလိုက်ကာသဘောတူလိုက်သည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now