Ch-2

2.9K 310 6
                                    

Unicode

ချီချင်းရီသည် အမှုမထားသလိုနှင့်ထိုင်ခုံနောက်ကို မှီလိုက်သည်။ အခြားသူများ၏ရှုပ်ထွေးနေသော အကြည့်အောက်၌ပင် သူမ၏မျက်နှာကမည်းမှောင်လာပြီး မြေအိုးထဲထည့်ထားသော ဝိုင်နှင့်ချက်ထားသည့် ဝက်ဂုတ်သားဟင်းပွဲကိုစားပွဲပေါ်မှ လက်နှင့်ပယ်ချလိုက်၏။ အခန်းကြီးသည်အလွန်လျင်မြန်စွာပင် အသားနံ့တို့ပျံ့လွှင့်သွားတော့သည်။

"သူတို့ကိုအဝေးခေါ်သွားပြီး အပြစ်ဒဏ်ပေးလိုက်"

.........
ငါကအကျိုးကြောင်းဆီလျှော်တဲ့လူတစ်ယောက်-၂
.........

မည်သူကမှတုံ့ပြန်လာခြင်းမရှိကြပါ။ ပျော့ညံ့တဲ့အကျင့်စရိုက်ရှိသည့် ဝမ်ဖေးကအဘယ်ကြောင့်ရုတ်တရက် ဤကဲ့သို့ပြုမူလိုက်သည်ကို မသိခြင်းငှါအချိန်တစ်ခုကြာသည်အထိ ဘယ်သူကမှလှုပ်ရှားမှုမရှိခဲ့။

"ဒါကဘာလဲ ဝမ်ဖေးဖြစ်တဲ့ငါကိုယ်တော်က မင်းတို့ကိုအမိန့်ပေးလို့မရဘူးပေါ့"

ချီချင်းရီကသူမ၏မျက်လုံးတို့ကိုမှေးကျဉ်းလိုက်ကာ မတ်တပ်ရပ်ပြီးအခန်းတွင်းရှိ လူတို့ကိုကြည့်လိုက်သည်။

"ဒါမှမဟုတ် စားဖိုဆောင်ကငါကိုယ်တော်ကို စော်ကားတာဖြစ်သင့်တယ်လို့ မင်းတို့ကထင်တယ်ပေါ့လေ"

ဝမ်ဖေး၏စူးရဲသောအကြည့်တွင် အားလုံးကတုန်လှုပ်သွားပြီး လှုပ်လှုပ်ရှားရှားဖြစ်လာတော့၏။ ကုန်းကုန်းအချို့နှင့်အနည်းငယ်သန်မာသောအစေခံတို့က အရှေ့သို့ပြေးထွက်သွားပြီးစားဖိုဆောင်အစေခံတို့ကို ဆွဲခေါ်သွားသယောင်သရုပ်ပြကြသည်။

စားဖိုဆောင်မှအစေခံတို့သည် ရုန်းကန်ခြင်းမပြုရဲဘဲအသနားခံနေ၏။ အစေခံတစ်ယောက်က ဝမ်ဖေးကိုဆက်သသောဟင်းမှာစားဖိုဆောင်မှ အကောင်းဆုံးဟင်းဖြစ်သည်ဟုအော်ဟစ်ပြောဆိုလေသည်။

အော်ဟစ်နေသောအစေခံအား တစ်ချက်ပြန်လှည့်ကြည့်လိုက်ပြီး ချီချင်းရီမျက်ခုံးတို့က မြှင့်တက်လာကာညင်သာစွာ

"မင်းတို့ကဘာရပ်ကြည့်နေကြတာလဲ သူတို့ကိုဒူးထောက်ခိုင်းပြီးပြစ်ဒဏ်ကိုဒီနေရာမှာစီရင်တော့ မင်းတို့ပြစ်ဒဏ်ခံနေရတာကိုငါကိုယ်တော်မြင်ချင်တယ်"

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Where stories live. Discover now