Ch-9

2K 240 5
                                    

Unicode

အပိုင်း(၉) လှပသော နေ့လည်စာစားချိန်
...

ကျောက်စိမ်းတားမြစ်ဥယျာဉ်မှထွက်လာပြီး ချီချင်းရီသည်သူမဆံပင်တွင်ထိုးထားသော ဆံထိုးကိုထိတွေ့ရန်လက်မြှောက်လိုက်သည်။ ထို့နောက် သူမ၏နှုတ်ခမ်းထောင့်စွန်းတို့ကအပေါ်သို့လှပစွာ ကွေးညွှတ်သွားတော့၏။

သွမ့်မင်းသားက မိန်းမတစ်ယောက်၏သွင်ပြင်ကို စိတ်ဝင်စားလိမ့်မည်ဟု သူမ မထင်ထားပါ။ ဆံထိုးကိုကြည့်နေသည့် ထိုသူ၏အကြည့်တို့ကို သူမမျက်လုံးချင်းဆုံပြီးမကြည့်ရဲခဲ့ပါ။ဤဝမ်ရယ်ကသိပ်သနားစရာကောင်းလှပြီး အစွဲအလမ်းရှိလျှင်လည်း သူကသေချာပေါက်ကိုဖုံးကွယ်ထားသူဖြစ်လိမ့်မည်၊

ဝမ်ဖေးကဝမ်ရယ်အား ဆောင်းတွင်း၌မုန်လာထုပ်ကလေးဖြစ်အောင်လုပ်ခဲ့သည်ကို နားမလည်နိုင်သည့်ယင်းလျိုက

"ဝမ်ဖေး ဒီအစေခံနားမလည်တာကဘာလို့ိ ကျန်းယွင်ကိုမိဖုရားနန်းဆောင်ဆီ ရွှေ့လိုက်တာလဲ"

"ငတုံးလေး ဒီလောက်ရှင်းနေတဲ့ကိစ္စလေးကို ဘာလို့နားမလည်နိုင်ရတာလဲ"မုကျင်းက သူမမပြောခင်တွင် ပတ်ဝန်းကျင်၏အခြေအနေကိုတော့ တစ်ချက်ကြည့်လိုက်သေး၏။

"ကျန်းယွင်က စံအိမ်တော်ထဲကအစေခံတစ်ယောက်ပဲ။ပြီးတော့ သူက ယွင်ချင်းအပေါ် သစ္စာသိပ်မရှိဘူး။ဒီနေ့ဝမ်ဖေးက ကျန်းယွင်ကိုမိဖုရားနန်းဆောင်ဆီ ရွှေ့လိုက်တယ်။မနက်ဖြန်ကျရင် တခြားလူတွေလည်း သူ့လိုဖြစ်အောင် လိုက်လုပ်မှာပဲ။

ရေတွေက နိမ့်ရာကိုစီးဆင်းမယ်။လူတွေက မြင့်ရာကို တက်လှမ်းမယ်။ဘယ်သူကသိနိုင်မှာလဲ တခြားကြင်ယာတော်တွေရဲ့ဘေးမှာ အမြင့်မတက်လှမ်းချင်တဲ့ အစေခံမရှိနိုင်ဘူးလို့"

ယင်းလျိုက ခဏတာမျှတွေဝေသွားပြီးနောက် မုကျင်း၏ဝမ်ဖေးစိတ်အား နားလည်နိုင်သည်ကို အံ့ဩနေမိသည်။ဝမ်ဖေးကမုကျင်းအား အဘယ်ကြောင့် ပထမနေရာထားသည်လဲဆိုတာကို သူမအနည်းငယ်နားလည်လာသလိုပင်။သူမကဝမ်ဖေးနှင့်မုကျင်းကိုကြည့်လိုက်ပြီး ဝမ်ဖေးကအရင်ကနှင့်မတူတော့သည်ကို သဘောပေါက်သွားတော့သည်။

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Où les histoires vivent. Découvrez maintenant