Ep-52

757 112 1
                                    

Unicode
.....
အခန်း-၅၂
......

"ပထမချွေးမတော် ကျုံးအာကဘာလို့မလာတာလဲ"

ရှုကွေ့ဖေးက ဝေ့ချင်းအဲ့ကို ဝမ်းနည်းနေသည့်အသံဖြင့် အမေးပြုလာ၏။

"နန်းတော်မှာကလေးတွေအများကြီးမရှိတော့ အရမ်းတိတ်ဆိတ်လွန်းနေတယ်"

"ကွေ့ဖေးမယ်မယ် ကျုံးအာကလွန်ခဲ့တဲ့ရက်အနည်းငယ်က ဖျားနေခဲ့တာပါ။တကယ်လို့သူ့ကိုခေါ်လာရင် မြင့်မြတ်တဲ့သူတွေကို အဖျားကူးမှာစိုးရိမ်တာကြောင့် သူ့ကိုစံအိမ်တော်မှာပဲ ထားခဲ့လိုက်တော့တာပါ"

ဟယ့်ကျုံးက ဝေ့ချင်းအဲ့၏ကလေးဖြစ်သည်။သူမသားကို အမြဲတစေ ဂရုစိုက်ကာကွယ်ပေးခဲ့ပြီး ယခုရှုကွေ့ဖေးက သူ့သားအကြောင်းပြောလာသည့်အခါ သူမ၏နှလုံးတို့က တင်းကြပ်သွားရတော့သည်။သူမ၏မျက်နှာထက်တွင်တော့ နွေးထွေးသည့်အပြုံးရှိနေပြီး လေးစားစွာဖြင့်ကတိပေးလာ၏။

"သူနေပြန်ကောင်းလာတဲ့အချိန်ကျရင် မယ်မယ့်ကိုနှုတ်ဆက်ဂါရဝပြုဖို့ ခေါ်လာခဲ့ပါ့မယ်"

"အဲ့ဒါကြောင့်ကိုး"

ရှုကွေ့ဖေးကခေါင်းငြိမ့်လိုက်ပြီး ဝေ့ချင်းအဲ့အတွက် တစ်ယောက်ယောက်ကို ဆေးသွားပြင်ခိုင်းလိုက်သည်။ သူမက ပြုံးလိုက်ပြီး

"ကလေးတွေကို ဂရုတစိုက်ရှိသင့်တယ်။ အရင်ရက်တွေတုန်းက ရာသီဥတုအရမ်းအေးတယ်လေ။ မိခင်တစ်ယောက်အနေနဲ့ မင်းပိုအားစိုက်ထုတ်သင့်တယ်"

ဤကဲ့သို့သောအပြုအမူက သူမကိုယ်သူမ သခင်မဟု ပြောချင်နေသည်လား။ဝေ့ချင်းအဲ့ဘေးတွင်ထိုင်နေသော ဝမ်းကွေ့ဖဉ်က ဘာမှမပြောလာဘဲ နူးညံ့သည့်အပြုံးသာ သူမမျက်နှာထက်ရှိနေသည်။

ဝေ့ချင်းအဲ့က သဘောတူလိုက်သည်။ သူမက ဝမ်းကွေ့ဖဉ်ဖက်သို့လှည့်လိုက်ပြီး အလွှာတစ်ထောင်ကိတ်မုန့်ကို ဆက်သလိုက်၏။

"မယ်တော် ဒါလေးမြည်းကြည့်ပါဦး"

"ချိုပေမဲ့အရမ်းကြီးလည်း မချိုဘူး။စားလို့ကောင်းတယ်"

ဝမ်းကွေ့ဖဉ်မျက်နှာပေါ်ရှိအပြုံးက ပိုတောက်ပလာသည်။အလွှာတစ်ထောင်ကိတ်မုန့်ကို နှစ်ဇွန်းလောက်စားပြီးသည့်အခါ

မြင့်​မြတ်​​တော်ဝင်​ခြင်းနှင့်​ပြည့်​စုံ​သောဇနီး​ချော​လေး (Myanmar Translation)Donde viven las historias. Descúbrelo ahora