အခန်း၁၆၀

Začít od začátku
                                    

ဒီနေ့က သူ့မွေးနေ့ဟု ပြောပြီးနောက် သူ့အချိန်ဇယားကို အစီရင်ခံတော့သည်။ ညစာစား​နေတဲ့ပုံတွေတောင် ပို့ပေးထားသေးသည်။

သူသည် နောက်ဆုံးတွင် သူ့အစီရင်ခံစာကို နိဂုံးချုပ်လိုက်တော့သည် [အစ်မ၊ အလုပ်ရှုပ်​နေတုန်းလား။ ဘယ်ချိန်မှအားမှာလဲ။ ပင်ပန်းနေရင် ကျွန်​တော့်​စာများကို replyမပြန်လည်းရတယ်နော်။ ကောင်းကောင်းအနားယူပါ။ ဂွတ်နိုက်။]

ဒီစကားလုံးများသည် လုံးဝပုံမှန်ဖြစ်နေသော်လည်း တစ်နည်းနည်း​ဖြင့် ကျီဖန်ယင်းသည် ချန်ယွမ်ရှန်း၏ နားမလည်နိုင်သော မျှော်လင့်ချက်တစ်စွန်းတစ်စကို ခံစားမိသည်။ သူမသည် အချိန်ကို တစ်ချက်ကြည့်လိုက်တော့ တစ်နေ့တာမကုန်မီ မိနစ်နှစ်ဆယ်ကျန်နေသေးသည်ကို

သူမသည် ချန်ယွမ်ရှန်းအား Wechat 'အစ်မ တစ်နေကုန် အလုပ်များနေခဲ့တာ' ဟု စာရိုက်လိုက်သော်လည်း တခဏမျှ တုံ့ဆိုင်းသွားပြီးနောက် စာရိုက်ထားသည်ကိုဖျက်ကာ ဖုန်းခေါ်လိုက်သည်။

ဖုန်းကို စောင့်ဆိုင်းနေစဉ်တွင် သူမသည် ဆိုဖာပေါ်တွင်ထိုက်ကာ လက်တော့ပ်ကို ဖွင့်လိုက်သည်။ သူမသည် ပရိုဂရမ်မာ၏နံပါတ်ကို ကြည့်ကာ သူမ၏အစီအစဉ်ကို ပို့လိုက်သည်။

အခု ညသန်းခေါင်တောင်မရှိသေးတော့ ညဇီးကွက်တွေက အိပ်ဦးမှာမဟုတ်ဘူး။

သူမမျှော်လင့်ထားသည့်အတိုင်း ပရိုဂရမ်မာသည် [?] ဖြင့် လျင်မြန်စွာ တုံ့ပြန်ခဲ့သည်။

သူမ ဖုန်းကို စားပွဲပေါ် အရင်တင်လိုက်ပြီး သူမတောင်းဆိုချက်ကို ပရိုဂရမ်မာထံ စာရိုက်ပါတော့တယ်။

နောက်ဆုံးတွင် ချန်ယွမ်ရှန်းက ဖုန်းကိုင်လာသောအခါတွင် သူမသည် သူမ၏ ဒုတိယစာကြောင်းကို ရိုက်နေပြီဖြစ်သည်။ သူသည် စောင်ထဲမှ စကားပြောနေသလိုမျိုး လေသံက အနည်းငယ် ရှုပ်​​ထွေးနေတယ်။ "ဘယ်သူလဲ"

ကျီဖန်ယင်းက ရွှင်မြူးစွာ "ဟက်ပီဘက်ဒေး"

တစ်ဖက်မှ ပြင်းထန်သော အသက်ရှုသံများ ထွက်ပေါ်လာသည်။ ချန်ယွမ်ရှန်းသည် သူ၏တုန်လှုပ်နေဆဲ အခြေအနေမှ ရုန်းထွက်ရန် တစ်စက္ကန့်မျှ အချိန်ယူခဲ့ရသည်။ "အစ်မ!"

တစ်နာရီတစ်သိန်း အစားထိုးချစ်သူKde žijí příběhy. Začni objevovat