အခန်း - ၁၄

Start from the beginning
                                    

"ကိုယ်က လူကြမ်းပါ၊ လူကြမ်းမို့ ဒီလောက်နဲ့ မဖျားဘူး"

"လူကြမ်း မဟုတ်ဘဲနဲ့..."

အတွန့်တက်တော့ လွင့်ပျယ်နေတဲ့ ကိုကို့အာရုံတွေ ရရဆီ စုပြုံရောက်လာပုံ ပေါက်တယ်။ မျက်မှောင်ကြုတ်လိုက်တဲ့ ကိုကိုက...

"လူကြမ်း ဟုတ်တယ်၊ ပြီးတော့ လူကြမ်းတွေက မဖျားတတ်ဘူး၊ ဘယ်တုန်းကမှ ဒီလောက်နဲ့ မဖျားဖူးဘူး"

သက်ပြင်းရှိုက်မိတဲ့ ရရက ကိုကို့ လက်မောင်းတစ်ဖက်ကို တွဲခိုလိုက်ရင်း ကိုကို့ဘေး တိုးကပ်လိုက်မိတယ်။

"ဒီလိုတော့ ဘယ်ဟုတ်ပါ့မလဲ ကိုကိုရယ်၊ သွေးသားနဲ့ တည်ဆောက်ထားတဲ့ လူတွေပဲလေ"

"ဒီနေ့ သိပ်မငြင်းခုန်နိုင်လို့ ဒီအတိုင်း ဆောင်းထားလိုက်နော်"

တိုးတိမ် အက်ရှလွန်းတဲ့ ကိုကို့အသံက ရရကို ချော့မော့ နာခံခိုင်းနေသလို။

မိုးပွားအဆင့်ကနေ မိုးစက်ကြီးတွေ ဖြစ်လာတဲ့အခါ အမိုးအကာ မပါတဲ့ ကိုကို့ဆံပင်တွေထက် ရေသီးတွေ ခိုတွယ်လာတယ်။ ရရ ခြေဖျားထောက်လိုက်တဲ့အခါ ငုံ့မိုးကြည့်နေတဲ့ ကိုကိုနဲ့ ပိုလို့ နီးကပ်သွားတယ်။ ကိုကို့ခေါင်းပေါ်က ရေစက်တွေကို သပ်ချပေးတော့ ကိုကို ငြိမ်ငြိမ်လေး လက်ခံတယ်။

"အေးအတူ ပူအမျှ ဆိုတဲ့ စကားလုံးကို ကိုကို သိလားဟင်"

ကိုကို့မျက်ဝန်းတွေ အရောင်လက်သွားရာက ချက်ချင်း ပြန်မှိန်သွားတာ ဝမ်းနည်းစရာ။

"အေးအတူ ပူအမျှတဲ့လား"

အတန်ကြာမှ ကိုကို့ဆီက ထွက်လာတဲ့ စကား။ ခေါင်းညိတ်ပြလိုက်ပြီး ရင်ဘတ်ဟပြဲ ဝတ်ထားတဲ့ ကိုကို့ရင်ခွင်ထက် ရရ လက်တစ်ဖက်ကို ညင်သာစွာ တင်လိုက်မိတယ်။ ကိုကို့ ရင်တွေ ခုန်နေတာပဲ။

"ကိုကို့ကို မိုးစိုစေပြီးမှ အမိုးအကာ ရမယ်ဆို အဲ့ဒီ ခြောက်သွေ့ခြင်းကို ရရ ငြင်းပါမယ်၊ အဲ့တာကလေ ကိုကို မပါရင် အဘယ်သို့သော အနွေးဓာတ်မျိုးကိုမှ ရရ တစ်ယောက်စာ မလိုချင်တာမျိုးပါ၊ ရရ သိတဲ့ အေးအတူ ပူအမျှက အဲ့လို အဓိပ္ပာယ်ပါ ကိုကို"

"တစ်ခါက မိုးဥတုလေးမှာ ပုန်းညက်ပန်းတွေ ဝေဝေဆာအောင် ပွင့်ခဲ့ပေါ့" (Completed)Where stories live. Discover now