❣️ကျေးဇူးတင်လွှာ❣️

5.6K 274 52
                                    

Unicode

​ခဏခဏပြောဖြစ်တယ်ဆိုပေမယ့် နောက်ဆုံးအကြိမ်အဖြစ် ကျေးဇူးတင်စကားလေး ထပ်ပြောပါရစေနော်

ဒီfic လေးကိုစရေးတုန်းက ကြိုက်မယ့်သူရှိပါ့မလား ဖတ်မယ့်သူရှိပါ့မလား ..ငါတော့ ဒီတိုင်း တင်သာတင်တာ ဖတ်မယ့်သူမရှိပဲဖြစ်နေလောက်တယ်လို့တွေးခဲ့မိတာ
gp ထဲဝင်ပြီး ကြေငြာတော့တောင် တွေ့ကြပါ့မလား တွေ့ရင်တောင် စိတ်ဝင်စားပါ့မလား နောက်အပိုင်းတွေဆက်ဖက်ကြပါ့မလားပေါ့

ဒီလိုနဲ့ gpထဲတင်လိုက်တော့ စိတ်ဝင်စားတယ်ဆိုပြီး ongoing လိုက်ပေးတဲ့သူ အနည်းငယ်နဲ့ အားတွေရှိပြီး ရှေ့ဆက်ခဲ့တယ်
အမှန်တိုင်းပြောရရင် ကိုယ်မျှော်လင့်ထားတာ ဒီလောက်ပဲ.. ဒီလူနည်းနည်းလေးနဲ့ပဲ ဇာတ်လမ်းကို အဆုံးသတ်ထိသွားတော့မယ်...ဒီလောက်ဆိုရင်ကို မဆိုးပါဘူးဆိုပြီး တွေးခဲ့တာ....

ဒါပေမယ့် မထင်မှတ်ထားပဲ review ရေးပေးတဲ့သူလေးတွေရယ်... post တွေအောက်က ညွှန်းပေးကြတဲ့ cmtလေးတွေကြောင့် ဖတ်တဲ့သူတွေ တဖြည်းဖြည်းများလာခဲ့တယ်...

ဝန်ခံရရင်အဲ့ညတွေတုန်းက အိပ်လို့တောင်မပျော်ခဲ့ဘူး.... noti မှာ vote ပေး reading list ထဲထည့်တာတွေက မြင်နေကျ acc လေးတွေတင်မဟုတ်ပဲ များပြားလာတဲ့ acc လေးတွေ တစ်ခုချင်းဆီကိုလိုက်ကြည့်ချင်လို့ ညဆို တစ်နာရီခြားတစ်ခါ ထထပြီးကြည့်ခဲ့ရတာ အိပ်ရေးတွေကို ပျက်လို့😅

silent reader လေးတွေ.. vote , cmt ပေးခဲ့ကြတဲ့ သူတွေ... RL ထဲထည့်ပေးကြတဲ့သူတွေ.. follower လေးတွေ.... messenger ကနေ သဘောကျကြောင်းလာပြောပေးကြတဲ့သူတွေ တစ်ယောက်ချင်းဆီကို ကျေးဇူးအများကြီးတင်ပါတယ်😘

ကြိုက်လွန်းလို့ pdf fileနဲ့ သိမ်းထားချင်တယ်လို့ ပြောတဲ့သူလေးတွေရော pdf လေးလုပ်ပေးတဲ့ အစ်မကိုရော ကျေးဇူးအများကြီးတင်ပါတယ်😘

video လေးလုပ်ပေးတဲ့ ညီမလေးကိုလည်းကျေးဇူးအများကြီးတင်ပါတယ် 😘
နာမည်ကြီးတဲ့ ficလေးတွေမှာပဲ ရနိုင်တဲ့အရာလေးလို့ထင်ထားခဲ့တာ ကိုယ့်fic လေးကို အဲ့လိုလေးလုပ်ပေးတာဆိုတော့ အရမ်းပျော်မိတာ🥰

ဒီလောက်ထိအချစ်ခံရလိမ့်မယ်လို့ ထင်မထားခဲ့မိတာတော့တကယ်ပါ ...ပြောပလောက်အောင်များတဲ့ ပမာဏမဟုတ်ပေမယ့် မျှော်လင့်ထားတာထက်ပိုတာကိုမဟုတ်ဘူး လုံးဝမျှော်လင့်မထားခဲ့မိတဲ့အတွက် ပိုပျော်ပါတယ်
အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင့်

မင်းတစ်ယောက်သာWhere stories live. Discover now