Part 37 (The End)

24.4K 480 70
                                    

Unicode

"ပွဲ မတိုင်ခင် ညနေတော့ ငပလီကိုအစ်မကြိုရောက်နေမှာပါ... အဲ့ကျမှ သေချာ rehearsal လုပ်တာပေါ့.. ခုကတော့ ညီမတို့ပွဲထွက်ချင်တဲ့ ပုံစံလေး အကြမ်းဖျင်း အစ်မကိုပြောထားပေးဖို့ တွေ့လိုက်တာ"

"ဟုတ်ကဲ့"

"ဘယ်လိုပုံမျိုးထွက်ချင်လဲ.. သတို့သားသတို့သမီး အတူတူတွဲလျှောက်မှာလား သပ်သပ်စီလျှောက်မှာလား... ခုခေတ်ကတော့ သတို့သမီးအဝတ်အစားပေါ်ချင်တော့ ခွဲလျှောက်ကြတာများတယ်"

"ဟုတ်အစ်မ... လဲ့တို့လည်း ခွဲလျှောက်မှာပါ"

"အဲ့တာဆို သပ်သပ်စီနော်"

"အရံတွေကလည်း ခွဲလျှောက်ရမှာပေါ့"

"ဟုတ်တယ်လေ.. မောင်လေးတို့က သတို့သားနောက်က ညီမလေးတို့ကသတို့သမီးနောက်က"

"ဟာ မဖြစ်ဘူး... ခွဲမလျှောက်နိုင်ဘူး... နင်တို့ကလည်း အတူတူလျှောက်လိုက်လေ ချစ်လေး တစ်ယောက်တည်း မလျှောက်ခိုင်း......."

"မောင်"

စကားတောင်မဆုံးသေး လက်ကိုဆွဲကာ ခေါ်လိုက်တဲ့ သူမလေး....ခေါင်းလေးစောင်းကာ မျက်လုံးလေးဝင့်ကြည့်ပြီး ဆက်ပြောဦးမှာလားဆိုတဲ့ အကြည့်ကြောင့် ပြောမယ့်စကားတွေ အမြန် ဘရိတ်အုပ်လိုက်ရသည်...

သူဝင်နှောင့်ယှက်လွန်းလို့ သူငယ်ချင်းကို အားနာနေတဲ့ သူမလေးက ပွဲပြီးတဲ့အထိ ဝင်မပါဘူးဆိုရင် တနင်္ဂနွေနေ့တိုင်း GYM ကစားမယ်ပြောထားလို့ သူ့မှာ အရင်ကလို သူမတို့သွားလေရာ မလိုက်တော့ပဲ ငြိမ်နေရသည် ...
မငြိမ်လို့လည်းမရ ဟိုတစ်ခါပြီးကတည်းက နှစ်ယောက်တည်း အေးအေးဆေးဆေး ကစားရအောင်ပြောတိုင်း ခါးခါးသီးသီးငြင်းဆန်တဲ့ ချစ်သူလေးက ကတိတည်စွာ ပိတ်ရက်တိုင်း GYM ကို လာလာပေးနေတာမဟုတ်လား..

တွေးရင်း ချစ်စနိုးလေးဖြစ်လာလို့ လက်ကလေးကို ဆွဲကိုင်ကာ ဆံပင်လေးသပ်ပေးလိုက်တော့ ပေါ်လာတဲ့ ဂုတ်ပိုးနားလေးက အရာလေးကြောင့် ဒီတစ်ပတ်တော့ ဘာ အမှတ်အသားမှပေးလို့မရဟု ကိုယ့်ကိုကိုယ်သတိပေးထားလိုက်ရသည်...
ပွဲကလည်း နီးနေပြီဖြစ်လို့ ချစ်ရသူလေးကိုပွဲနေ့မှာ ဖြူဖြူဖွေးဖွေး လှလှပပလေးပဲဖြစ်စေချင်ပါသည်.....

မင်းတစ်ယောက်သာWhere stories live. Discover now