Part 20

26.4K 512 25
                                    

Unicode

"စုလဲ့နဒီ"

"ဒီဒီ"

"ကြည့်ပါဦး အရမ်းတွေလှနေတာ"

"ဟုတ်ပ ငါဖြင့် fbပေါ်မှာ ပုံတွေတွေ့ကတည်းက တွေ့ချင်နေတာ တစ်ခါတင် တစ်ခါပြောင်းလဲလာလိုက်တာမှ"

"ဝိတ်ချနည်းလေး ပြောပေးပါဦး"

ဒီနေ့ပွဲရဲ့ star ကတော့ ဒီဒီဖြစ်နေသည်... ဒီဒီက socialပေါ်ဘာမှသိပ်မတင်ဖြစ်ပေမယ့် ဇင်လဲ့တို့တင်တာတွေရော မောင်တင်တာတွေရော ကြောင့် တစ်နေ့ထက်တစ်နေ့ပြောင်းလဲလာတဲ့ ဒီဒီ့ကို အကုန်လုံးက စိတ်ဝင်စားနေကြတော့သည်...

"ညီမလေး"

"အော် ကိုကြီး"

"မတွေ့တာတောင်ကြာပြီနော် အဆင်ပြေတယ်မလား"

"ဟုတ် ပြေပါတယ်"

"ဆရာရော တီစိုးရော နေကောင်းကြလား"

"ဟုတ် ကောင်းပါတယ်"

လာနှုတ်ဆက်နေတဲ့ ကိုကြီးကို ကောင်းကောင်းမွန်မွန်ပဲ ပြန်လည်နှုတ်ဆက်လိုက်သည်..
တစ်ချိန်က ဆရာဖြစ်ခဲ့ဖူးတာပဲမလား...

"ဟေ့ကောင် ဘယ်သူတုန်း"

"ဟာ ဒီဒီ လုံးဝကိုပြောင်းလဲသွားတာပဲ"

"အရင်တည်းက ဒီလိုလေးနေတာမဟုတ်ဘူး"

"ဟုတ်တယ် လှလာလိုက်တာ  fbမှာတွေ့တည်းက ကြွေနေတာ"

မျက်လုံးကျွတ်ထွက်မတတ်ကြည့်နေကြတဲ့ သူတွေကိုတစ်ချက်ပြုံးပြလိုက်ရင်း

"ဒီလိုဖြစ်လာတာ အစ်ကိုတို့ကျေးဇူးကြောင့်ပါ ဒီဒီ့ကို မခံချင်စိတ်ဖြစ်လာအောင် body shaming လုပ်ပေးလို့ အရမ်းကျေးဇူးတင်တယ်နော်"

ဒီဒီ့စကားကြောင့် မျက်စိမျက်နှာတွေပျက်ကုန်ကြကာ

"ကိုယ်တို့က အဲ့လိုသဘောမဟုတ်ပါဘူး ဒီတိုင်း စတဲ့သဘောမျိုးနဲ့......"

"စတာပဲဖြစ်ဖြစ် ဘာဖြစ်ဖြစ် ခံရတဲ့သူက စိတ်ဒဏ်ရာရတယ်ဆိုတာ အစ်ကိုတို့ကို သိစေချင်တာပါ ဒါပေမယ့် ဒီဒီ့အတွက် ကောင်းသောပြောင်းလဲခြင်းတွေ ဖြစ်လာတဲ့အတွက်တော့ကျေးဇူးတင်ပါတယ် ခွင့်ပြုပါဦး"

မင်းတစ်ယောက်သာWhere stories live. Discover now