Part 29

21K 550 34
                                    

Unicode

ring ring ring

ဖုန်းသံကြားလို့နိုးလာပြီး နာရီကြည့်လိုက်တော့ မနက် ၂နာရီ...

"အင်း ချစ်လေး ဘာဖြစ်လို့လဲ"

"မောင် ဒီဒီအိပ်မက် မက်တယ်သိလား"

"ဘာအိပ်မက်လဲ"

"ဒီဒီတို့နောက် zombie တွေလိုက်လို့ ထွက်ပြေးရတာတဲ့"

"ချစ်လေး ညက zombie ကားကြည့်နေတာမလား အဲ့တာကိုစိတ်စွဲပြီး မက်တာနေမှာပေါ့"

"ဟုတ်မှာ.. ထားလိုက်တော့ အဲ့တာက အဓိကမဟုတ်ဘူး အဓိက က မောင့်ကိုစိတ်ဆိုးတယ်ဆိုတာကိုပြောချင်တာ"

"ဟင် မောင် ဘာလုပ်လို့လဲ"

"ဒီဒီတို့ထွက်ပြေးနေတုန်း ပိုးပိုးကလည်း သူ့ကိုခေါ်ပါဆိုလို့ မောင်က သူ့ကိုတစ်ဖက် ဒီဒီ့ကိုတစ်ဖက်ဆွဲပြီးပြေးမလို့လုပ်တာတဲ့"

"ပိုးပိုးက ဘယ်သူလဲ"

"ဟာ မောင်ကလည်း မောင့်ရဲ့ ၄ ယောက်မြောက် ရည်းစားဆိုတာလေ လွန်ခဲ့တဲ့ ၂လလောက်က pizza ဆိုင်မှာတွေ့တဲ့တစ်ယောက်"

"အော် ဟုတ်လား"

"ဘာ ဟုတ်လားလဲ"

​စိတ်ဆိုးချင်သလိုလိုဖြစ်လာတဲ့ အသံလေးကိုကြားလိုက်တာနဲ့ အိပ်ချင်မူးတူးဖြစ်နေတာတွေတောင်ပျောက်ကာ ချော့ဖို့အတွက် ပြင်ဆင်ထားလိုက်သည်

"ကိုယ့် ex တွေကို ကိုယ့်ဘာသာမှတ်ထားလေ ဒီဒီက အကုန်လိုက်မှတ်ပေးနေရမှာလား တကယ်ပါပဲ"

စလာပြီ စလာပြီ!! သူမလေးရဲ့ ရစ်နည်းအသွယ်သွယ်...
အဲ့တာတွေမှတ်ထားပြီးဘာလုပ်ရမှာလဲ... မှတ်မိရင်လည်း မှတ်မိလို့ရန်လုပ်ဦးမည်...

ခုတလော ဇင်လဲ့တို့ ဝတီတို့နဲ့ အတွေ့များတဲ့ ဒီဒီက ဟိုကောင်မလေးနှစ်ယောက်ဆီက သင်ထားသမျှ ရစ်နည်းပေါင်းစုံနဲ့ သူ့ကို ရစ်နေသည်... အရင်က မရစ်တတ် စိတ်မကောက်တတ်... စိတ်ကောက်ရင်တောင် တစ်နာရီမကြာတတ်ပဲ သူ့စကားတစ်ခွန်းလောက်နဲ့ စိတ်ပြေတတ်တဲ့ ဒီဒီလေးက ဟိုဆရာမနှစ်ယောက်ရဲ့ လက်ချာတွေနားထောင်ပြီး တစ်ခါစိတ်ကောက်ရင် သုံးရက်က အနည်းဆုံး... တစ်ခါတစ်လေ တစ်ပတ်လောက်ကြာတတ်သည်...

မင်းတစ်ယောက်သာWhere stories live. Discover now