Extra 2

18.7K 419 42
                                    

Unicode

"ဘာတွေသဘောကျနေတာလဲ"

ကြမ်းပြင်ပေါ်ထိုင် laptop ကိုကြည့်ပြီး တခစ်ခစ်သဘောကျနေတဲ့ သူမလေးအနားသွားထိုင်ကာ ခွဲလာတဲ့ ပန်းသီးစိတ်လေးကို ပါးစပ်ထဲခွံ့ကျွေးရင်းမေးလိုက်သည်..

"ဒီမယ်လေ ဒီဒီတို့ မင်္ဂလာဆောင်တုန်းကပုံတွေ photographer နဲ့ မမိုးပြည့်တို့ နှစ်ယောက် တင်လိုက်ပြီ... အဲ့က cmtတွေဖတ်နေတာ.. သတို့သားက အုံးလွဲနေတာလားတဲ့ မေးနေကြတယ်"

"အော်... ဒါလား"

"သူတို့ပြောလည်းပြောချင်စရာ... တင်တဲ့ပုံတွေမှာ ၃ပုံလောက်ပဲ မောင့်မျက်နှာအတည့်ပါတယ် ကျန်တာအကုန် ဒီဒီ့ကိုကြည့်နေတာတွေကြည့်ပဲ"

"မောင့် သတို့သမီးလေးက အရမ်းလှနေတော့ အကြည့်မလွှဲနိုင်ဖြစ်နေတာပေါ့"

ဒီဒီ့မျက်နှာကို တရှုံ့ရှုံ့နမ်းရင်းပြောနေတဲ့ မောင့်အနမ်းတွေကို ရှောင်ဖယ်လိုက်ပြီး မောင့်ပါးပြင်ကို ပြန်နမ်းလိုက်ကာ ရင်ခွင်ထဲတိုးဝင်လိုက်ပြီး ဆက်ကြည့်နေလိုက်သည်...

"အဲ့နေ့က cameraman နဲ့ မမိုးပြည့်နဲ့ ကြိတ်ပြီးရန်ဖြစ်နေကြတာသိလား"

"ဟုတ်လား ဘာလို့လဲ"

"camera man က မောင့်ကို camera ကိုကြည့်ဖို့ပြောပေးခိုင်းနေတာ.. မမိုးပြည့်က အဲ့ဒါ သူ တတ်နိုင်တဲ့ကိစ္စမဟုတ်ဘူးဆိုပြီး ပြောလို့ရန်ဖြစ်နေကြတာ"

"မသိလိုက်ဘူး"

"ဘယ်သိမလဲ​... မောင်ကလေ လွန်ကိုလွန်တယ် ဧည့်သည်တွေ ဧည့်ခံပါဆိုလည်း ကောင်းကောင်းစကားမပြောဘူး.. ဒီဒီ့ပဲလိုက်ကြည့်နေတာ"

"မောင့် မိန်းမ မောင်ချစ်လို့ကြည့်တာပဲ ဘာဖြစ်လဲ"

"နည်းနည်းလေး အိန္ဒြေဆည်ဦးပေါ့ လာတဲ့သူတွေအားနာစရာ"

"အားမနာရပါဘူး... လာသမျှလူတိုင်းက အားကျပြီး ပြန်သွားရမှာ သတို့သားကချစ်တတ်လိုက်တာဆိုပြီး"

"အပိုတွေ"

"မပိုပါဘူး ခု cmt ထဲကြည့်ပါ့လား မောင်ပြောတာ ပိုလားဆိုတာ"

​ဟုတ်သည်...မောင့်အကြည့်တွေက screen ပေါ်မှာ မြင်ရတာတောင် အသက်ဝင်လွန်းလှသည်...  ချစ်မြတ်နိုးမှုအပြည့်နဲ့ ပြုံးကြည့်နေတဲ့ပုံလေးတွေက အသက်ပါလွန်းတော့ တင်ထားတာတွေအောက်မှာ သူတို့ကောင်လေးတွေကို mention ခေါ်ထားတာတွေရော share တာတွေရော ပြည့်နေတော့သည်....

မင်းတစ်ယောက်သာWhere stories live. Discover now