Part 6

16.8K 509 9
                                    

Unicode
"တစ်ရက်နားပြီးတော့ ပြန်မလုပ်ချင်တော့ဘူးအေ ပျင်းတာ"

"ဟုတ်ပ မဇင်လဲ့ရေ ရှေ့တစ်ပတ်နှစ်ပတ်ကတော့ ဒီလိုပဲနေဦးမှာ"

အဝတ်လဲခန်းထဲ အဝတ်လဲရင်းစကားပြောနေကြတဲ့ ဇင်လဲ့နဲ့ဝတီရဲ့စကားကြောင့် ဒီဒီပြုံးမိတယ် ဒီဒီလည်းဘာထူးလဲ တစ်သက်လုံးမလှုပ်ရှားခဲ့တဲ့ ခန္ဓာကိုယ်ကြီးကို တစ်ပတ်လောက် ပြေးလိုက်ခုန်လိုက်လုပ်ရတာ ပင်ပန်းတာ ပြီးတော့ စားချင်တာလေးတွေ မစားရတော့ တစ်ခါတစ်လေ မျက်ရည်တောင်ကျတယ် ဒါပေမယ့် မလုပ်ချင်ဘူးဆိုတဲ့ စိတ်ကိုမထည့်ရဲဘူး ပျင်းသွားမှာစိုးလို့

"ဟေ့ ဒီ GYM ပိုင်ရှင် ဟိန်းထက်အောင်ကိုသိလား အရမ်းချော အရမ်းမိုက်တယ်ဆို"

"သိတာပေါ့ ဒီလောက်နာမည်ကြီးပဲ"

"ဟုတ်လား သူက ရည်းစားအရမ်းများဆို"

"ဟုတ်ပ ပြန်ရောက်တာမှ ၂နှစ်လောက်ရှိသေး ရည်းစားက ရေတောင်မရေတွက်နိုင်တော့ဘူး"

"သူက ဒီက ၁၀တန်းပြီးတော့ စလုံးမှာကျောင်းသွားတက်တာမလား"

"အင်းလေ ၉တန်း ၁၀တန်းမှာ ကြိုက်လာတဲ့ မိုးသော်တာက ၁၀တန်းပြီးတော့ စလုံးမှာကျောင်းတက်မယ်ဆိုလို့ သူပါအဲ့လိုက်သွားပြီး ဟိုတစ်ယောက်တက်တဲ့ကျောင်းမှာ တက်တာ ကျောင်းပြီးတော့ အလုပ်တွေဘာတွေဝင်လုပ်သေးတယ် လွန်ခဲ့တဲ့နှစ်နှစ်ကမှ ဒီကိုပြန်ရောက်လာပြီး ရည်းစားတွေမှိုလှိုပေါက်အောင်ထားတော့တာပဲ"

"မိုးသော်တာရဲ့ ခုလက်ရှိက တော်တော်ထောတယ်နော် (..)group ကလူလေ"

"ဟုတ်တယ် ဟိန်းထက်ကို ၇နှစ်၈နှစ်လောက် ကြိုးရှည်ရှည်နဲ့ လှန်ထားပြီးမှ ဟိုဘဲကိုကောက်တွဲတာလေ"

"ဟယ် သနားပါတယ် ဒီလောက် ခန့်သန့်ပြီး ချစ်စရာကောင်လေးကိုများ....ဒါနဲ့ နင်ကသိလှချည်လား"

"ငါက အထက်တန်းကတည်းက  BBCလေ မသိတာမရှိဘူး ဟဲ ဟဲ"

"ဒါဆို ဟိန်းထက်ကိုစိတ်ဝင်စားနေလို့ စုံစမ်းတာမဟုတ်ဘူးပေါ့ ရန်သူတစ်ယောက်လျော့ပြီ"

"အမလေး စိတ်မဝင်စားဘူး ဝင်စားလည်း သူကငါ့ကြိုက်မှာမဟုတ်ဘူး ကျောင်းကတည်းက မိုးသော်တာကလွဲ ဘယ်မိန်းကလေးမှမျက်လုံးထဲမြင်တာမဟုတ်ဘူး ခုလည်းကြည့် ဟိုကပစ်သွားတာတောင် သူ့မှာမပြီးနိုင်မစီးနိုင် ကွဲပြဲနေလို့ စလုံးကနေဒီပြန်ခေါ်ထားရတာ ဒီမှာလည်းတွဲလိုက်တဲ့ ရည်းစား တစ်ယောက်အပေါ်မှအာရုံမရှိဘူး သူတွဲတာတွေကလည်းတစ်ကယ့်ခေါင်တွေကြည့်ပဲနော် ငါ့ပုံစံကစာရင်းထဲတောင်ရှိမှာမဟုတ်ဘူး ဟား ဟား"

မင်းတစ်ယောက်သာWhere stories live. Discover now