Part 5

17.1K 511 10
                                    

Unicode
"သမီးလေးနိုးပြီလား ဒီမယ် မနက်စာ ရှမ်းခေါက်ဆွဲလုပ်ထားတယ် လာစားချည်"

ရှမ်းခေါက်ဆွဲ ဆိုတဲ့ အသံကြောင့် ဆင်းပြေးမိတော့မယ့် ခြေထောက်တွေက ရုတ်တရက် ဘရိတ်အုပ်မိသွားသည်

!!ဒီတစ်ပတ်အတွင်း ဆရာတို့ပြောသလို diet box ပဲစားပြီး ကြိုးကြိုးစားစားလုပ်ခဲ့တာ ၅ပေါင် လောက်ကျသွားသည် ဒီတိုင်းသာ ကြိုးကြိုးစားစားလုပ်သွားဆိုပြီး ဆရာက မနေ့ကမှချီးကျူးထားပြီး ဒီနေ့တစ်ရက်လေး နားတုန်းမစားနဲ့နော် ဆိုပြီး ပြောထားတာ မဖြစ်သေးပါဘူးလေ...
တစ်ရက်တစ်လေလေးပဲ စားတော့ဘာဖြစ်လဲ ဟုတ်တယ် တစ်ပွဲပဲစားမယ် ခဏနေ diet box လာမှာပဲ နည်းနည်းလေးစားမယ်!!

"ဟုတ် စားမယ် တီစိုး"

ရှမ်းခေါက်ဆွဲပန်းကန် ရှေ့ရောက်လာပြီးစားမယ်လုပ်တုန်း မနေ့က မြင်ကွင်းက မျက်လုံးထဲဝင်လာတယ်

>>မနေ့က<<

"ဒီဒီ ဒီကအပြန် ocean ခဏဝင်ရအောင် ဝယ်စရာလေးရှိလို့"

"အင်း သွားလေ"

ဇင်လဲ့နဲ့နှစ်ယောက် ocean ရောက်ပြီး ဟိုကြည့်ဒီကြည့်လျှောက်ကြည့်နေတုန်း ဒီဒီ့မြင်ကွင်းထဲ ကိုကြီးနဲ့ ကောင်မလေးတစ်ယောက်ဝင်လာတယ်
ကောင်မလေးက ပိန်ပိန်သွယ်သွယ်လေးနဲ့ ကိုကြီးနဲ့ တကယ်ကို လိုက်ဖက်ညီတာပဲ ကိုကြီးမျက်နှာမှာလည်း ဒီဒီနဲ့အပြင်သွားရသလို စိတ်ရှုပ်နေတာမျိုးမရှိ ဘေးပတ်ဝန်းကျင်ကလည်း လိုက်ဖက်ညီတဲ့အတွဲဆိုပြီး ကြည့်နေကြတဲ့ အကြည့်တွေကိုမြင်လိုက်ရတယ်

ဒီဒီ အဲ့ကောင်မလေးကို ကြည့်လိုက် ကိုယ့်ကိုကိုယ်ကြည့်လိုက်နဲ့ ပထမဆုံးအကြိမ်အနေနဲ့ ကိုယ့်ရဲ့ ဒီခန္ဓာကိုယ်ကြီးကို စိတ်ပျက်မိသွားပြီးလှဖို့အတွက်တကယ်ကြိုးစားတော့မယ်လို့ စိတ်ဆုံးဖြတ်လိုက်တယ်

>><<

ဟုတ်တယ် မနေ့ကမှ အဲ့လိုဆုံးဖြတ်ထားတာ ဒီနေ့စားလို့မဖြစ်ပါဘူး diet box ပဲစောင့်တော့မယ်

"တော်ပြီ တီစိုး သမီးမစားတော့ဘူး ခဏနေ diet box ရောက်မှ လှမ်းခေါ်လိုက်တော့"

မင်းတစ်ယောက်သာWhere stories live. Discover now