Extra 3

16.9K 484 37
                                    

Unicode

ကစားနေရင်းနဲ့ လူကမဟန်နိုင်တော့တာနဲ့ ထိုင်ချလိုက်တော့သည်

"ချစ်လေး ဘာလို့ထိုင်နေတာလဲ"

"ပင်ပန်းလို့"

"ဘာလို့လဲ နေမကောင်းဘူးလား"

နဖူးကိုလာစမ်းနေတဲ့ မောင့်လက်တွေကို ဆွဲဖယ်လိုက်ရင်း

"မဟုတ်ပါဘူး နည်းနည်းနှုံးနေလို့"

"ဒါဆိုပြန်မလား.... လာ မောင်အကြောလျှော့ပေးမယ် ပြန်ကြစို့"

လူကနုံးချိပြီး ပင်ပန်းနေလို့ ဆက်မနေနိုင်တော့ပဲ ပြန်လာခဲ့တော့သည်။

"ဘယ်လိုနေသေးလဲ.. ဆေးခန်းသွားလိုက်မလား"

"ရပါတယ် ဘာမှမဖြစ်ဘူး အိပ်လိုက်ရင် သက်သာသွားမှာပါ"

"ဘာစားမလဲ.. တစ်ခုခုစားဦးလေ.. ဒီရက်ပိုင်း ဘာမှလည်း ကောင်းကောင်းမစားဘူး"

"တော်ပြီ မစားချင်တော့ဘူး ပြန်မယ်"

နေမကောင်းဖြစ်ချင်သလို ဖြစ်နေတဲ့ သူမလေးကို စိတ်မချနိုင်စွာကြည့်ပြီး ကားကို ကွန်ဒိုရှိရာမောင်းလာခဲ့သည်...ဒီရက်ပိုင်း အစားလည်းကောင်းကောင်းမစားသလို gym လည်းမသွား.... သွားပြန်တော့လည်းခါတိုင်းလို တက်ကြွနေတာမတွေ့ရပဲ ထိုင်နေတာပဲများနေသည်....မနက်ကျရင်တော့ ဆေးစစ်ဖို့ခေါ်သွားရမယ်ဟုတွေးထားလိုက်သည်....
..
..
"ချစ်လေး"

"......"

"ဒီဒီ ဘာလုပ်နေတာလဲ အိမ်သာထဲကြာနေပြီ"

"ချစ်လေး"

ရှေ့ကနေ တံခါးကိုခေါက်ကာ တတွတ်တွတ်အော်နေတဲ့ မောင့်ကို ပြန်မဖြေနိုင်အားသေးပဲ လက်ထဲကိုင်ထားတဲ့ ဆီးစစ်တံကို ငေးကြောင်ကြည့်နေမိသည်....အနီမျဉ်းလေးနှစ်တန်းမှာ တစ်တန်းကထင်းနေပြီး တစ်တန်းကဖျော့ဖျော့လေးပဲပေါ်နေသည်...
ရာသီစက်ဝန်းကျော်နေပြီဆိုပေမယ့် မလာတော့လည်း ကောင်းတာပေါ့ဆိုပြီး ပေါ့ပေါ့ပဲထားခဲ့မိသည်.....ဒီရက်ပိုင်းထဲမှ လူကနေလို့မကောင်းတာရော တားဆေးဖြတ်ထားတာကိုရော သတိရပြီး စိတ်ထဲထင့်နေမိတာ....မောင့်ကိုမပြောသေးပဲ ကိုယ့်ဘာသာကိုယ် အရင်စစ်ကြည့်မယ်ဆိုပြီး ဝယ်ထားပေမယ့် အိတ်ထဲကနေတောင် မထုတ်မိ.....ပေါ့လျော့လွန်းတဲ့ ကိုယ့်ကိုယ်ကိုလည်း စိတ်ထဲအပြစ်တင်နေမိသည်.....

မင်းတစ်ယောက်သာWhere stories live. Discover now