Part 33

20.4K 455 12
                                    

Unicode

"ဒီလိုကျတော့လည်း တက္ကသိုလ်တက်ရတာ ပျော်စရာကြီးနော်"

ဆရာမကြီးခင်ခင်ထူးရဲ့ ပန်းကြာဝတ်မှုံဆိုတဲ့ စာအုပ်ကိုအတူတူဖတ်နေကြရင်း  သူမကပြောလိုက်သည်.. ဒီနေ့အပြင်လျှောက်သွားကြမယ်ဆိုပြီး ရုတ်တရက်မိုးတွေရွာလာလို့မသွားဖြစ်တော့ပဲ သူ့အခန်းမှာပဲ စာအုပ်ဖတ်နေကြခြင်းဖြစ်သည်..

"အင်း အရင်တုန်းက တက္ကသိုလ်တွေကပိုပျော်ဖို့ကောင်းတာပေါ့... နယ်ပေါင်းစုံကလာတက်ပြီး အဆောင်နေကြတာများတာဆိုတော့ ခုကျ ကိုယ့်အိမ်ကကိုယ်ပဲတက်ကြတာဆိုတော့ အမှတ်တရတော့နည်းတာပေါ့.. ဒါပေမယ့် သူ့ဟာနဲ့သူတော့ ပျော်ဖို့ကောင်းတာကြည့်ပါပဲ"

"ဒီဒီ့ တက္ကသိုလ်ကျောင်းသားဘဝကတော့ ပျော်ဖို့မကောင်းခဲ့ဘူး"

ဝမ်းနည်းစွာပြောလာတဲ့ မျက်နှာလေးကိုကြည့်ရင်း သူလည်း စိတ်မကောင်းဖြစ်လာသည် အဲ့အချိန်တည်းက သူတို့တွေ့ခဲ့ကြရင်ကောင်းမှာ...

"ဘာလို့ပျော်ဖို့မကောင်းရမှာလဲ... ချစ်လေးက စိတ်ညစ်စရာတွေပဲ မှတ်ထားတာကိုး သေချာတွေးကြည့်ရင် ပျော်စရာတွေလည်းရှိမှာပဲ စဉ်းစားကြည့်ပါဦး... ကျောင်းလစ်ပြီး လျှောက်သွားခဲ့ကြတဲ့ အမှတ်တရတွေ"

"ရှိမယ်ထင်တယ်.... အော် မှတ်မိပြီ... ခြောက်ယောက်လောက်ရှိမယ်ထင်တယ် ဆရာမ မဝင်ခင် ရုပ်ရှင်သွားကြည့်ကြမယ်ဆိုပြီး အတန်းထဲက လစ်လာကြတာ အခန်းပြင်လည်းရောက်ရော ဆရာမနဲ့တည့်တည့်ကြီးတိုးလို့ အော်ခံလိုက်ရသေးတာ"

"ဟားဟား ကျောင်းပြေးလေးတွေပေါ့.. ပြီးတော့ရော"

"ပြီးတော့..... အော် ဇင်လဲ့လေ ဆိုင်ကယ်ကို မစီးတတ်စီးတတ်နဲ့ စီးလို့ ဆိုင်ကယ်လဲတာ... အဲ့တုန်းက ဒီဒီတို့က အိမ်ကလိုက်ပို့တာလေ.. အဲ့တာ သူများဆိုင်ကယ်နဲ့သွားတာ သူများနောက်ကထိုင်လိုက်ပါမယ်ဆို မရဘူး သူမောင်းမယ်ဆိုပြီး မောင်းရော တစ်ယောက်မှ ဦးထုပ်မပါကြဘူး မီးပွိုင့်နားရောက်ခါနီး မော်တော်ပီကယ်ရှိတယ်ဆိုလို့ ဆိုင်ကယ်တွေကို ဝရုန်းသုန်းကားပြန်လှည့်ကြတာ အဲ့မှာလဲပါလေရော... နေ့လည်ခင်းရှင်းလင်းပြီး မီးပွိုင့်အလယ်ကောင်တည့်တည့်ကြီးမှာ လဲနေတာ"

မင်းတစ်ယောက်သာWhere stories live. Discover now