Part 23

23.7K 440 14
                                    

Unicode

"ချစ်လေး တက်နိုင်သေးရဲ့လား"

တောင်တက်ဝါသနာပါတဲ့ ဆရာစိုင်းက GYM ကလူတွေကို စုကာ တစ်လတစ်ခါ နီးနီးနားနားက တောင်တွေပေါ်ကို တက်ကြဖို့ စီစဉ်လေ့ရှိသောကြောင့် ဒီနေ့ ဒီဒီတို့ ဆရာစိုင်းတို့နဲ့ လိုက်ပါလာခြင်းဖြစ်သည်....

"တက်နိုင်ပါတယ် ဒီဒီ ဆရာနဲ့အမြဲလိုက်နေကျပဲ ဒီလောက်ကမပင်ပန်းပါဘူး ပြီးတော့ ဒီတောင်ကလည်း အမြဲတက်နေကျပဲကို"

"မနေ့က မောင်နည်းနည်းများသွားတော့ ပင်ပန်းနေလားလို့ပါ"

"မောင်......"

သူများတွေကြားမှာစိုးလို့ အလန့်တကြားအော်လိုက်ရသည်
ခုနောက်ပိုင်း မောင့်ရဲ့ ပြန်ခါနီးgoodbye kiss က တစ်ပတ်မှာနှစ်ခါလောက်တော့ မောင့်ရုံးခန်းပေါ်မှာဖြစ်ဖြစ် မောင့်အခန်းထဲဖြစ်ဖြစ် ရောက်သွားတတ်သည်
မနေ့ကလည်း GYM ဆော့ပြီး မပြန်သေးပဲ ရုံးခန်းပေါ်ခဏဆိုပြီးနေလိုက်တာ မိုးချုပ်သွားခြင်းကို မောင်က ဆိုလိုခြင်းဖြစ်သည်

"ဘယ်လိုဖြစ်နေတာလဲ သူများတွေကြားကုန်လိမ့်မယ်"

"ဘယ်သူမှမကြားပါဘူး အကုန်သူတို့ အာရုံနဲ့သူတို့...မောင်တို့ နမ်းနေရင်တောင် သိကြမှာမဟုတ်ဘူး မယုံရင် နမ်းကြည့်ကြမလား"

"အဲ့မှာ ဆုတောင်းနေလိုက်"

အနားကပ်လာတဲ့ မောင့်ရင်ဘက်ကို တွန်းကာ ဇင်လဲ့တို့ရှိရာသွားနေလိုက်တော့သည်....
အဲ့ မောင် ကတော့ တစ်နေ့တစ်နေ့ ဘယ်လို အသားယူရမလဲပဲစဉ်းစားနေတာ..

ဒီလိုနဲ့ တောင်ပေါ်ရောက်လာကာ အနားယူ ဓာတ်ပုံရိုက် စားသောက်ပြီးပြန်ဆင်းလာခဲ့ကြသည်....တောင်ပေါ်မှာ ဓာတ်ပုံရိုက်လာရတာအားမရသေးတဲ့ဒီဒီက အပြန်လမ်းတစ်လျှောက်လည်း ခဏတိုင်းရပ်ကာ ရိုက်ခိုင်းနေသောကြောင့် သူများတွေနဲ့ တော်တော်လေးလှမ်းသွားတော့သည်...

"ဒီဒီတို့ပဲ ကျန်ခဲ့တော့တယ်"

"ရပါတယ် ဖြည်းဖြည်းသာဆင်း အစောကြီးရှိသေးတယ်"

စကားတပြောပြောနဲ့ ဆင်းလာခဲ့ကြရင်း တစ်နေရာအရောက် အဖွဲ့ထဲက ဖူးဖူးနဲ့သီရိကိုတွေ့လိုက်တယ်

မင်းတစ်ယောက်သာWhere stories live. Discover now